သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံမဏိလုပ်ငန်း ဂျပန်ဝယ်ရေး သမ္မတဘိုင်ဒန် ကန့်ကွက် 


အမေရိကန် သံမဏိလုပ်ငန်းကြီး US Steel စက်ရုံ
အမေရိကန် သံမဏိလုပ်ငန်းကြီး US Steel စက်ရုံ

အမေရိကန် သံမဏိလုပ်ငန်းကြီး US Steel ကို ဂျပန် Nippon Steel ကုမ္ပဏီက ဝယ်ယူမယ့်ကိစ္စကို သူ အခိုင်အမာ ဆက်လက် ကန့်ကွက်တဲ့အကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၄.၉ ဘီလီယံနဲ့ US Steel ကုမ္ပဏီကို Nippon Steel က ဝယ်ယူဖို့ ကြိုးပမ်းနေတာပါ။

ဒါကို လက်ခံ လိုက်မယ်ဆိုရင် အမေရိကန်ရဲ့ အကြီးဆုံး သံမဏိ ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေထဲက တခု နိုင်ငံခြား ကုမ္ပဏီလက်ထဲ ရောက်သွားမှာြဖစ်ပြီး ဒါက အမေရိကန် အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်ရှိသလို၊ အရေးပါတဲ့ ကုန်ပစ္စည်း ထုတ်လုပ် ထုတ်ပိုး ရောင်းချမှု အဆင့်ဆင့်ကိုပါ ထိခိုက်စေမှာ ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။

အမျိုးသား လုံခြုံရေးကို အန္တရာယ် ကျရောက်စေနိုင်တယ်လို့ ပြောတဲ့အပေါ်မှာတော့ ဘယ်လိုပုံစံ ကျရောက်စေနိုင်တာလဲ ဆိုတာကို သမ္မတက မရှင်းထားပါဘူး။ ခုလို သမ္မတ ကိုယ်တိုင်က တားမြစ်တဲ့အတွက် US Steel ကုမ္ပဏီကို ရောင်းချမယ့်ကိစ္စ ပျက်ပြယ်သွားတာဟာ အမေရိကန် သံမဏိ အလုပ်သမားများ သမဂ္ဂ အတွက်တော့ အောင်ပွဲကြီးတခု ဖြစ်ပါတယ်။

Pennsylvania အခြေစိုက် ဒီအလုပ်သမား သမဂ္ဂဟာ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတုန်း ကလည်း သမ္မတ ဘိုင်ဒန်ကို ထောက်ခံ မဲပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန် သံမဏိကုမ္ပဏီကြီး ဂျပန်ကို ရောင်းချမယ့် ကိစ္စကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen ဦးဆောင်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မတီကလည်း ပြန်လည် စိစစ်သုံးသပ်တာတွေ လုပ်ခဲ့တာပါ။ ဒီကော်မတီရဲ့ အကြံပြုချက်ကို အခြေခံပြီး သမ္မတ အနေနဲ့ တားမြစ်ပိုင်ခွင့် ကိုတော့ ဖက်ဒရယ်အစိုးရ ဥပဒေမှာ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ကလည်း − တချိန်က အောင်မြင်ခဲ့တဲ့ အမေရိကန် သံမဏိလုပ်ငန်းကြီးကို နိုင်ငံခြားကုမ္ပဏီတခုက ဝယ်ယူမယ့်ကိစ္စ သူလည်း ဆန့်ကျင်တဲ့အကြောင်း သိပ်မကြာခင်က ပြောဆိုခဲ့ပါတယ်။

ကန်သံမဏိလုပ်ငန်း ဂျပန်ဝယ်ရေး သမ္မတဘိုင်ဒန် ကန့်ကွက် 
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG