သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံအတြက္ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ေဟတီေခါင္းေဆာင္ေတြကို သမၼတ Biden တိုက္တြန္း


Bodyguards of former senators guard the doorway outside the court house during a hearing following the assassination of President Jovenel Moise, in Port-au-Prince, Haiti, July 12, 2021.

ႏိုင္ငံေကာင္းစားေရးအတြက္ ေဟတီႏိုင္ငံေရး ေခါင္းေဆာင္ေတြ အတူတကြ လက္တြဲ လုပ္ေဆာင္ၾကဖို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ပန္ၾကားလိုက္ၿပီး ေဟတီႏိုင္ငံသားေတြအတြက္ ၿငိမ္းခ်မ္းမႈေရာ လံုျခံဳမႈပါ ရသင့္တယ္လို႔ ေျပာပါတယ္။ ေဟတီႏိုင္ငံမွာ ဗုဒၶဟူးေန႔က သမၼတ Jovenel Moïse အလုပ္ၾကံခံခဲ့ရတဲ့ ေနာက္ပိုင္း အေျခေနေတြကို သူ အနီးကပ္ေစာင့္ၾကည့္ ေနတယ္လို႔လည္း သမၼတဘိုင္ဒန္က သတင္းေထာက္ေတြကို တနလၤာေန႔ မွာ ေျပာပါတယ္။



ေဟတီသမၼတ Moïse ဟာ ဇူလိုင္လ ၇ ရက္ေန႔ မနက္အေစာပိုင္းက Port-au-Prince ၿမိဳ႕ေတာ္က သူ႔ေနအိမ္မွာ ေသနတ္နဲ႔ အပစ္ခတ္ခံရၿပီး ေသဆံုးခဲ့ရသလို သမၼတကေတာ္ Martine Moïse ကေတာ့ ျပင္းထန္တဲ့ဒဏ္ရာနဲ႔ ဖေလာ္ရီဒါျပည္နယ္ မီယာမီ ေဆးရံုမွာကုသမႈခံယူခဲ့ရတာပါ။ အေျခေနကို သိရဖို႔အတြက္ ကၽြမ္းက်င္တဲ့အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႔ တဖြဲ႔ကို ေစလႊတ္ခဲ့ၿပီး အေမရိကန္ႏိုင္ငံက ဘယ္ေနရာမွာ အကူညီေပးဖို႔ ကမ္းလွမ္းႏိုင္မလဲသိေအာင္ လုပ္ေနတယ္လို႔လည္း သမၼတဘိုင္ဒန္က ေျပာပါတယ္။



စံုစမ္းစစ္ေဆးေရးမွာ အကူအညီေပးႏိုင္ဖို႔ အတြက္ အေမရိကန္ တရားေရး၊ အမိေျမလံုျခံဳေရးနဲ႔ ႏိုင္ငံျခားေရးဌာနေတြအျပင္ NSC အမ်ိဳးသားလံုျခံဳေရးေကာင္စီက အရာရွိေတြပါ ပါဝင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ဟာ ေဟတီကို တနဂၤေႏြေန႔က ေရာက္သြားၿပီျဖစ္ေၾကာင့္ သမၼတအိမ္ျဖဴက ေၾကညာပါတယ္။ အေရးပါတဲ့ အေျခခံအေဆာက္အအံု လံုျခံဳေရးဆိုင္ရာအတြက္ ေဟတီအစိုးရအရာရွိေတြနဲ႔ အတူ ျပန္လွန္သံုးသပ္ခဲ့သလို သမၼတအလုပ္ၾကံခံရမႈကို စံုစမ္းေနတဲ့ ေဟတီရဲေတြနဲ႔ပါ ေတြ႕ဆံုခဲ့တယ္လို႔ NSC ေျပာခြင့္ရက ေျပာပါတယ္။ အေမရိကန္ ကိုယ္စားလွယ္အဖြဲ႔ဟာ ယာယီဝန္ႀကီးခ်ဳပ္ Claude Joseph နဲ႔ ဝန္ႀကီးခ်ဳပ္အျဖစ္လ်ာထားခံရတဲ့ Ariel Henry ၊ လႊတ္ေတာ္ဥကၠဌ Joseph Lambert တို႔နဲ႔ပါေတြ႕ဆံုၿပီး လြတ္လပ္ၿပီးတရားမွ်တတဲ့ေရြးေကာက္ပြဲက်င္းပေပးႏိုင္မယ့္ ႏိုင္ငံေရး သေဘာတူညီမႈရအာင္ ေဆြးေႏြးမႈေတြ လုပ္ဖို႔ အားေပးခဲ့တယ္လို႔လည္း NSC က ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုပါတယ္။


တခ်ိန္ထည္းမွာပဲ သမၼတ Moise ကို လုပ္ၾကံသတ္ျဖတ္မႈမွာ ေနာက္ကြယ္က ႀကိဳးကိုင္မယ္လို႔ သံသယရွိသူဟာ ဖေလာ္ရီဒါအေျခစိုက္ အသက္ ၆၃ ႏွစ္အရြယ္ ေဟတီ- အေမရိကန္ ဆရာဝန္ Christian Emmanuel Sanon ျဖစ္ေၾကာင္း ေဟတီရဲခ်ဳပ္ Leon Charles က တနဂၤေႏြညဘက္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ သူဟာ ေဟတီရဲက ဖမ္းမိထားတဲ့ ေဟတီ- အေမရိကန္ႏိုင္ငံသား ၃ ေယာက္ထဲက တေယာက္ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------------------
နိုင်ငံံအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ဟေတီခေါင်းဆောင်တွေကို သမ္မတ Biden တိုက်တွန်း

နိုင်ငံကောင်းစားရေးအတွက် ဟေတီနိုင်ငံရေး ခေါင်းဆောင်တွေ အတူတကွ လက်တွဲ လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပန်ကြားလိုက်ပြီး ဟေတီနိုင်ငံသားတွေအတွက် ငြိမ်းချမ်းမှုရော လုံခြုံမှုပါ ရသင့်တယ်လို့ ပြောပါတယ်။ ဟေတီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က သမ္မတ Jovenel Moïse အလုပ်ကြံခံခဲ့ရတဲ့ နောက်ပိုင်း အခြေနေတွေကို သူ အနီးကပ်စောင့်ကြည့် နေတယ်လို့လည်း သမ္မတဘိုင်ဒန်က သတင်းထောက်တွေကို တနင်္လာနေ့ မှာ ပြောပါတယ်။



ဟေတီသမ္မတ Moïse ဟာ ဇူလိုင်လ ၇ ရက်နေ့ မနက်အစောပိုင်းက Port-au-Prince မြို့တော်က သူ့နေအိမ်မှာ သေနတ်နဲ့ အပစ်ခတ်ခံရပြီး သေဆုံးခဲ့ရသလို သမ္မတကတော် Martine Moïse ကတော့ ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဖလော်ရီဒါပြည်နယ် မီယာမီ ဆေးရုံမှာကုသမှုခံယူခဲ့ရတာပါ။ အခြေနေကို သိရဖို့အတွက် ကျွမ်းကျင်တဲ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို စေလွှတ်ခဲ့ပြီး အမေရိကန်နိုင်ငံက ဘယ်နေရာမှာ အကူညီပေးဖို့ ကမ်းလှမ်းနိုင်မလဲသိအောင် လုပ်နေတယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။



စုံစမ်းစစ်ဆေးရေးမှာ အကူအညီပေးနိုင်ဖို့ အတွက် အမေရိကန် တရားရေး၊ အမိမြေလုံခြုံရေးနဲ့ နိုင်ငံခြားရေးဌာနတွေအပြင် NSC အမျိုးသားလုံခြုံရေးကောင်စီက အရာရှိတွေပါ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဟေတီကို တနင်္ဂနွေနေ့က ရောက်သွားပြီဖြစ်ကြောင့် သမ္မတအိမ်ဖြူက ကြေညာပါတယ်။ အရေးပါတဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးဆိုင်ရာအတွက် ဟေတီအစိုးရအရာရှိတွေနဲ့ အတူ ပြန်လှန်သုံးသပ်ခဲ့သလို သမ္မတအလုပ်ကြံခံရမှုကို စုံစမ်းနေတဲ့ ဟေတီရဲတွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ NSC ပြောခွင့်ရက ပြောပါတယ်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ယာယီဝန်ကြီးချုပ် Claude Joseph နဲ့ ဝန်ကြီးချုပ်အဖြစ်လျာထားခံရတဲ့ Ariel Henry ၊ လွှတ်တော်ဥက္ကဌ Joseph Lambert တို့နဲ့ပါတွေ့ဆုံပြီး လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးနိုင်မယ့် နိုင်ငံရေး သဘောတူညီမှုရအာင် ဆွေးနွေးမှုတွေ လုပ်ဖို့ အားပေးခဲ့တယ်လို့လည်း NSC က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။


တချိန်ထည်းမှာပဲ သမ္မတ Moise ကို လုပ်ကြံသတ်ဖြတ်မှုမှာ နောက်ကွယ်က ကြိုးကိုင်မယ်လို့ သံသယရှိသူဟာ ဖလော်ရီဒါအခြေစိုက် အသက် ၆၃ နှစ်အရွယ် ဟေတီ- အမေရိကန် ဆရာဝန် Christian Emmanuel Sanon ဖြစ်ကြောင်း ဟေတီရဲချုပ် Leon Charles က တနင်္ဂနွေညဘက်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ သူဟာ ဟေတီရဲက ဖမ်းမိထားတဲ့ ဟေတီ- အမေရိကန်နိုင်ငံသား ၃ ယောက်ထဲက တယောက်ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG