သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden နဲ့ သမ္မတကတော်တို့ ကလေးဆေးရုံသွားရောက်အားပေး


သမ္မတကတော်က “'Twas the Night Before Christmas” ဆိုတဲ့ ဂန္ဓဝင် ကလေးပုံပြင်စာအုပ်ကို ဆေးရုံတက်နေကြရတဲ့ ကလေးငယ်တွေအား ဖတ်ပြ
သမ္မတကတော်က “'Twas the Night Before Christmas” ဆိုတဲ့ ဂန္ဓဝင် ကလေးပုံပြင်စာအုပ်ကို ဆေးရုံတက်နေကြရတဲ့ ကလေးငယ်တွေအား ဖတ်ပြ

အခုလို Christmas ပွဲတော်အချိန်မှာ အမေရိကန်သမ္မတကတော်တွေ လုပ်နေကျအစဉ်အလာတခုအတိုင်း သမ္မတကတော် Dr. Jill Biden ဟာ သမ္မတ Joe Biden နဲ့အတူ ဝါရှင်တန်မြို့တော်မှာရှိတဲ့ ကလေးဆေးရုံကို သောကြာနေ့ညက သွားရောက်အားပေးခဲ့ပါတယ်။ ပျော်စရာအချိန်မှာ ဆေးရုံတက်နေကြရတဲ့ ကလေးငယ်တွေကို အပျော်တွေ မျှဝေကြတဲ့ အစဉ်အလာအတိုင်း သမ္မတကတော်က “'Twas the Night Before Christmas” ဆိုတဲ့ ဂန္ဓဝင် ကလေးပုံပြင်စာအုပ်ကို ဖတ်ပြခဲ့ပါတယ်။

နှစ်စဉ် Christmas အချိန်ရောက်တိုင်း အမေရိကန်သမ္မတကတော်တွေဟာ ကလေးဆေးရုံကို သွားပြီး ဆေးရုံတက်နေကြတဲ့ ကလေးတွေ၊ သူတို့ရဲ့ မိသားစုတွေကို တွေ့ဆုံအားပေးတဲ့ အစဉ်အလာကို လွန်ခဲ့တဲ့ ၈၁ နှစ်ထဲကစလို့ လုပ်လာခဲ့ကြတာပါ။

သမ္မတ Biden ကတော့ ၂၀၂၁ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ ၃ နှစ်လုံး လက်ရှိတာဝန်ထမ်းနေတဲ့ သမ္မတတယောက်အနေနဲ့ သမ္မတကတော်နဲ့အတူ ဆေးရုံလိုက်သွားပြီး ကလေးတွေကို အားပေးသလို၊ ဆေးရုံဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်စကားပြောလာခဲ့တာဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ ကိုယ့်ရဲ့နေအိမ်တွေမှာ မိသားစု အစုံအလင်နဲ့ ရှိမနေနိုင်ကြတဲ့ ကလေးတွေကို မျှော်လင့်ချက်တွေ မစွန့်လိုက်ဖို့ သမ္မတ Biden ကအားပေးပြီး၊ ရှေ့နှစ် Christmas ကျရင် အိမ်ဖြူတော်မှာ ထပ်တွေ့ကောင်း တွေ့ကြမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့ စနေနေ့မှာတော့ သမ္မတ Biden နဲ့ သမ္မတကတော် တို့ဟာ Maryland ပြည်နယ်မှာရှိတဲ့ Camp David သမ္မတ အပန်းဖြေအိမ်တော်ကို သွားရောက်ပြီး Christmas နေ့ကို အဲဒီမှာ ဖြတ်သန်းကြမှာဖြစ်ပါတယ်။

XS
SM
MD
LG