သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္ဝန္ႀကီးခ်ဳပ္သစ္ ကန္သမၼတနဲ႔ ဖုန္းစကားေျပာ


ဂ်ပန္ဝန္ႀကီးခ်ဳပ္သစ္ Fumio Kishida

Zawgyi/Unicdoe

ဂ်ပန္ဝန္ႀကီးခ်ဳပ္သစ္ Fumio Kishida ဟာ ျပည္ပေခါင္းေဆာင္တေယာက္နဲ႔ ပထမဆံုး ဆက္သြယ္ေျပာဆိုမႈအျဖစ္ အေမရိကန္သမၼတ Joe Biden ကို ဒီကေန႔ တယ္လီဖုန္းဆက္ စကားေျပာခဲ့ပါတယ္။

"ဂ်ပန္-အေမရိကန္ မဟာမိတ္ အားေကာင္းေစဖို႔နဲ႔ အင္ဒို-ပစိဖိတ္ေဒသ လြတ္လပ္ၿပီး လမ္းပြင့္ေစေရး အတူတကြ လုပ္သြားၾကမယ္ဆိုတာ သမၼတဘိုင္ဒန္နဲ႔အတူ က်ေနာ္တုိ႔ အတည္ျပဳခဲ့ၾကပါတယ္။ ဂ်ပန္ႏုိင္ငံကာကြယ္ေရးအတြက္ ကူညီလုပ္ေဆာင္သြားမယ္ဆိုတာ သမၼတဘိုင္ဒန္က အခိုင္အမာေျပာပါတယ္။ တ႐ုတ္နဲ႔ ေျမာက္ကိုရီးယားလို ေဒသတြင္းမွာ ရင္ဆိုင္ေနရတာေတြအတြက္ အနီးကပ္ လက္တြဲ လုပ္ေဆာင္သြားၾကဖို႔လည္း က်ေနာ္တို႔ အတည္ျပဳခဲ့ၾကပါတယ္" လို႔ ဝန္ႀကီးခ်ဳပ္ Kishida ကေျပာပါတယ္။

သူတို႔ႏွစ္ဦး မၾကာခင္မွာ မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆံုေဆြးေႏြးေရး စီစဥ္ဖို႔ ေမွ်ာ္လင့္ ထားတယ္လုိ႔လည္း ေခါင္းေဆာင္ႏွစ္ေယာက္က ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္အျဖစ္ တႏွစ္ပဲ တာဝန္ထမ္းေဆာင္ၿပီးတဲ့ေနာက္ ႏုတ္ထြက္သြားတဲ့ Yoshihide Suga ေနရာမွာ မစၥတာ Kishida ကို ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ တနလၤာ ေန႔ အေစာပိုင္းမွာ ဂ်ပန္လႊတ္ေတာ္က ေရြးေကာက္ တင္ေျမွာက္ခဲ့တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါအေရး ကိုင္တြယ္လုပ္ေဆာင္ပံုနဲ႔ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ကူးစက္ ေနခ်ိန္မွာပဲ တိုက်ဳိ အိုလံပစ္အားကစားပြဲလုပ္ခဲ့တာေတြေၾကာင့္ ဝန္ႀကီးခ်ဳပ္ေဟာင္း Suga အေပၚ လူထုေထာက္ခံမႈ က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

Unicode

ဂျပန်ဝန်ကြီးချုပ်သစ် ကန်သမ္မတနဲ့ဖုံးစကားပြော

ဂျပန်ဝန်ကြီးချုပ်သစ် Fumio Kishida ဟာ ပြည်ပခေါင်းဆောင်တယောက်နဲ့ ပထမဆုံး ဆက်သွယ်ပြောဆိုမှုအဖြစ် အမေရိကန်သမ္မတ Joe Biden ကို ဒီကနေ့ တယ်လီဖုန်းဆက် စကားပြောခဲ့ပါတယ်။

"ဂျပန်-အမေရိကန် မဟာမိတ် အားကောင်းစေဖို့နဲ့ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပြီး လမ်းပွင့်စေရေး အတူတကွ လုပ်သွားကြမယ်ဆိုတာ သမ္မတဘိုင်ဒန်နဲ့အတူ ကျနော်တို့ အတည်ပြုခဲ့ကြပါတယ်။ ဂျပန်နိုင်ငံကာကွယ်ရေးအတွက် ကူညီလုပ်ဆောင်သွားမယ်ဆိုတာ သမ္မတဘိုင်ဒန်က အခိုင်အမာပြောပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားလို ဒေသတွင်းမှာ ရင်ဆိုင်နေရတာတွေအတွက် အနီးကပ် လက်တွဲ လုပ်ဆောင်သွားကြဖို့လည်း ကျနော်တို့ အတည်ပြုခဲ့ကြပါတယ်" လို့ ဝန်ကြီးချုပ် Kishida ကပြောပါတယ်။

သူတို့နှစ်ဦး မကြာခင်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရေး စီစဉ်ဖို့ မျှော်လင့် ထားတယ်လို့လည်း ခေါင်းဆောင်နှစ်ယောက်က ပြောပါတယ်။

ဝန်ကြီးချုပ်အဖြစ် တနှစ်ပဲ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် နုတ်ထွက်သွားတဲ့ Yoshihide Suga နေရာမှာ မစ္စတာ Kishida ကို ဝန်ကြီးချုပ်သစ်အဖြစ် တနင်္လာ နေ့ အစောပိုင်းမှာ ဂျပန်လွှတ်တော်က ရွေးကောက် တင်မြှောက်ခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအရေး ကိုင်တွယ်လုပ်ဆောင်ပုံနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက် နေချိန်မှာပဲ တိုကျို အိုလံပစ်အားကစားပွဲလုပ်ခဲ့တာတွေကြောင့် ဝန်ကြီးချုပ်ဟောင်း Suga အပေါ် လူထုထောက်ခံမှု ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG