သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွတ်လပ်ရေးနေ့ သမ္မတဘိုင်ဒန် စစ်တပ်မိသားစုတွေကိုဂုဏ်ပြု


အမေရိကန်လွတ်လပ်ရေးနေ့ သမ္မတဘိုင်ဒန် စစ်တပ်မိသားစုတွေကို ဂုဏ်ပြု၊ ဂျူလိုင် ၄၊ ၂၀၂၃
အမေရိကန်လွတ်လပ်ရေးနေ့ သမ္မတဘိုင်ဒန် စစ်တပ်မိသားစုတွေကို ဂုဏ်ပြု၊ ဂျူလိုင် ၄၊ ၂၀၂၃
အမေရိကန်ပြည်ထောင်စု တဝှမ်းမှာ ၂၄၇နှစ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ကို ပျော်ပွဲရွှင်ပွဲတွေ အခမ်းအနားတွေ ကျင်းပနေကြသလို၊ သမ္မတအိမ်ဖြူတော် လွတ်လပ်ရေးနေ့အခမ်းအနားမှာလည်း သမ္မတဘိုင်ဒန်က အမေရိကန်စစ်တပ်မိသားစုတွေကို ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောဆိုပါတယ်။
“ဒီနေ့မှာ ကျနော်တို့ရဲ့ လွတ်လပ်ရေး၊ ကျနော်တို့ရဲ့ လွတ်လပ်မှု၊ ကျနော်တို့ရဲ့ လွတ်မြောက်မှုကို ဂုဏ်ပြုနေကြတာပါ။ ကျနော်နဲ့ ကျနော့်ဇနီးသည် Jill တို့နှစ်ဦးအနေနဲ့ ဒီနေ့မှာ စစ်တပ်မိသားစုဝင်တွေနဲ့ အတူရှိနေပြီး သူတို့ကို ဂုဏ်ပြုခဲ့ပါတယ်။”
နှစ်စဉ် သမ္မတအဆက်ဆက် ကျင်းပခဲ့တဲ့အတိုင်း စစ်မှုထမ်းမိသားစုတွေ၊ စစ်ပြန်စစ်မှုထမ်းတွေ၊ တခြား ဧည့်သည်တော်တွေနဲ့ အိမ်ဖြူတော် မြက်ခင်းပြင်မှာ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပခဲ့ရာမှာ သမ္မတ နဲ့ သမ္မတဇနီးတို့ မိန့်ခွန်းစကားပြောဆိုသလို ဒီပွဲကို ကာကွယ်ရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပါတယ်။
မြို့တော်ဝါရှင်တန်နဲ့ အခြားအမေရိကန်မြို့တွေရော ကျေးလက်တွေမှာပါ လွတ်လပ်ရေးနေ့ချီတက်ပွဲတွေ အခမ်းအနားတွေ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ဝါရှင်တန်ဒီစီနဲ့ နေရာအနှံ့မှာ မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး အောင်ပွဲခံသလို၊ အမေရိကန်လွှတ်တော်ရှေ့မှာလည်း တေးဂီတဖျော်ဖြေရေးအစီအစဉ်တွေ နဲ့ အမြှောက်ပစ်ဖောက်ဂုဏ်ပြုတဲ့ အစီအစဉ်တွေ ပြုလုပ်နေကြပါတယ်။

ဒီနှစ် ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၇ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပြီး ၁၇၇၆ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဗြိတိသျှကိုလိုနီလက်အောက်က လွတ်လပ်ရေး ကြေညာခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်မှုတွေကြောင့် တားမြစ်ခဲ့တဲ့ တင်းကျပ်မှုတွေ ဖြေလျှော့ပြီး လူတွေ အများအပြား လမ်းမပေါ်ပြန်ထွက်ကြတဲ့ ဒီနှစ် 4th of July အားလပ်ရက် ခရီးသွားရာသီမှာ အမေရိကန် ပြည်သူ ၄၇ သန်းလောက် ခရီးသွားကြမယ်လို့ လမ်းမှာ မော်တော်ယာဉ်တွေအတွက် ဝန်ဆောင်မှုပေးတဲ့ AAA က ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG