သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ အမေရိကန်သမ္မတ သွားရောက်ကြည့်ရှုမည်


ဟာရီကိန်း Halene မုန်တိုင်းဒဏ်သင့်ဒေသတွေ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ကူညီပေးဖို့ အိမ်ဖြူတော်မိန့်ခွန်းမှာထည့်ပြောခဲ့ (စက်တင်ဘာ ၃၀၊ ၂၀၂၄)
ဟာရီကိန်း Halene မုန်တိုင်းဒဏ်သင့်ဒေသတွေ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ကူညီပေးဖို့ အိမ်ဖြူတော်မိန့်ခွန်းမှာထည့်ပြောခဲ့ (စက်တင်ဘာ ၃၀၊ ၂၀၂၄)

ဟာရီကိန်းမုန်တိုင်း Helene ကြောင့် မြောက်ကာရိုလိုင်းနားပြည်နယ် အနောက်ခြမ်း တောင်ပေါ်ဒေသမှာ ကြုံရတဲ့ ထိခိုက် ပျက်စီးမှုတွေကို သမ္မတ ဂျိုးဘိုင်ဒန် ဗုဒ္ဓဟူးနေ့မှာ ကိုယ်တိုင် သွားရောက် ကြည့်ရှုဖို့ ပြင်ဆင်နေပါတယ်။ မုန်တိုင်းကြောင့် ပိတ်မိနေသူတွေ ရှိရာ အကူအညီတွေ အရောက်ပို့ဆောင်တာ၊ ထိခိုက်ပျက်စီးနေတဲ့ လမ်းတွေကို ရှင်းလင်းတာ၊ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်း ဆက်သွယ်ရေးတွေ ပြန်ရအောင် အရေးပေါ် လုပ်သားတွေ မနားတမ်း ဆက်လက် လုပ်ကိုင်နေကြချိန်မှာပဲ မုန်တိုင်းသင့် ဒေသတွေအတွက် အကောင်းဆုံး ကူညီ ဆောင်ရွက်ပေးနေပါတယ်လို့ သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့တာပါ။

"ဆုံးခန်းတိုင် ကူညီ ဆောင်ရွက်ပေးသွားမယ် ဆိုတာ သိစေချင်ပါတယ်။ မုန်တိုင်းသင့်ဒေသတွေကို ကျနော် ကိုယ်တိုင် အမြန်ဆုံး သွားရောက်နိုင်အောင် အားစိုက်ဆောင်ရွက်နေတာကိုလည်း သိစေချင်ပါတယ်။ အခုအချိန် ချက်ချင်း ခရီးထွက်လာရင် လမ်းမှာ အခက်အခဲတွေ ကြုံရနိုင်သေးတယ်ဆိုတာ သိထားရလို့ မထွက်သေးတာပါ။ လက်ရှိ အကျပ်အတည်း ကိုင်တွယ်ရာမှာ နှောင့်နှေး ဒါမှမဟုတ် လမ်းကြောင်း လွဲသွားနိုင်တဲ့ အန္တရာယ်ကြုံရအောင် လုပ်မှာမဟုတ်ဘူး။” လို့ သမ္မတ ဘိုင်ဒန်က တနင်္လာနေ့က အိမ်ဖြူတော်ကနေ ပြောဆိုခဲ့တာပါ။

ရွှံ့နွံတွေ ပြိုကျပြီး လမ်းမတွေ ရေနဲ့အတူ ပျက်စီး မျောပါသွားတာကြောင့် အသွားအလာ ပြတ်တောက်နေတဲ့ ဒေသတွေကို ရေ၊ အစားအစာနဲ့ တခြား ထောက်ပံ့ရေး ပစ္စည်းတွေကို လေကြောင်းကနေ ပို့ဆောင်ပေးနေပါတယ်။

အမေရိကန် အရှေ့တောင်ပိုင်း ဒေသတကြောမှာ ဟာရီကိန်းမုန်တိုင်း Helene တိုက်ခတ်ခဲ့ပြီးတဲ့နောက် ထိခိုက်ပျက်စီးမှုတွေအတွင်း သေဆုံးသူ အရေအတွက်ကတော့ ၁၃၃ ဦးထက်မနည်း ရှိနေပါပြီ။ ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ နေရာတွေမှာ ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေက ဆက်လက် ရှာဖွေ ကယ်တင်နေဆဲ ဖြစ်တာမို့ သေဆုံးသူအရေအတွက် ထပ်တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ ပျောက်ဆုံး သေဆုံး စာရင်းမှာ မပါသေးသူတွေက ရာနဲ့ချီ ရှိနေဆဲပါ။

တချိန်တည်းမှာပဲ အတ္တလန်တိတ် သမုဒ္ဒရာထဲ အင်အားပြင်းမုန်တိုင်းအဖြစ် အားကောင်းလာဖို့ ရှိနေတဲ့ Kirk မုန်သုန်ရာသီ မုန်တိုင်း အခြေအနေကိုလည်း မိုးလေဝသ ပညာရှင်တွေက စောင့်ကြည့် သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG