သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဆင်နှာမောင်းဒဏ်သင့် မစ္စစ္စပီပြည်နယ်မှာ အရေးပေါ် အခြေအနေကြေညာ

Severe Weather Mississippi
Severe Weather Mississippi

အမေရိကန်ပြည်ထောင်စုမှာ လေဆင်နှာမောင်းဒဏ် အကြီးအကျယ်ခံလိုက်ရတဲ့ မစ္စစ္စပီပြည်နယ်ထဲက ခရိုင် ၄ ခုမှာ အရေးအပေါ်အခြေအနေ ကြေငြာကြောင်း သမ္မတဂျိုးဘိုင်ဒန်က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်တောင်ပိုင်းက မစ္စစ္စပီပြည်နယ်မှာ သောကြာနေ့ညတုန်းက လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၂၅ ယောက်ထက်မနည်း သေဆုံးပြီး၊ Alabama ပြည်နယ်မှာ ၁ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အိမ်တွေအမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ပြီးတော့ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ကြပါတယ်။

အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့ ခရိုင်တွေကတော့ Carroll, Humphreys, Monroe နဲ့ Sharkey ခရိုင်တွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် Rolling Fork နဲ့ Silver City မြို့တွေဟာလည်း လေဆင်နှာမောင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံလိုက်ရတာ ဖြစ်ပါတယ်။

အခုလို အရေးပေါ် အခြေအနေ ကြေငြာလိုက်တာကြောင့် အထောက်အပံ့တွေနဲ့ ချေငွေးတွေအပါအဝင် ပြန်လည်ထူထောင်ရေးအတွက် ပြည်ထောင်စုအစိုးရရဲ့ အကူအညီတွေရရှိမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ လေဆင်နှာမောင်းဒဏ် ခံလိုက်ရတဲ့ ပြည်သူတွေအနေနဲ့ ယာယီနေထိုင်ဖို့အတွက် အိမ်ယာတွေ၊ အိမ်ပြင်တာတွေ၊ နောက်အာမခံဝယ်ထားတာ မရှိဘဲ၊ ဆုံးရှုံသွားတဲ့ပစ္စည်းတွေအတွက် ချေးငွေ စတာတွေ ပါဝင်တယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အမိမြေလုံခြုံရေးဝန်ကြီး Alejandro Marjorkas နဲ့ အမေရိကန်ပြည်ထောင်စု အရေးပေါ်စီမံခန့်ခွဲရေးဌာန အကြီးအကဲ Deanne Criswell တို့ကတော့ မစ္စစ္စပီပြည်နယ်ကို ဒီနေ့မှာ သွားရောက်ကြမှာ ဖြစ်ပါတယ်။

=== Unicode ====





This item is part of
XS
SM
MD
LG