သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ New Orleans မြို့ သမ္မတဘိုင်ဒန်သွားရောက်မည်


 New Orleans မြို့ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်နေရာ
New Orleans မြို့ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်နေရာ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဇနီးဖြစ်သူတို့ဟာ အခု တနင်းလာနေ့မှာ New Orleans မြို့ကိုသွားရောက်ပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရလို့ သေဆုံးသူနဲ့ ဒဏ်ရာရသူမိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

New Orleans မြို့က ခရီးသွားဧည်သည်တွေအသွားအလာများတဲ့လမ်းပေါ်မှာ နှစ်သစ်ကူးနေ့အစောပိုင်းက ကားတစင်းနဲ့ လူအုပ်ကို ဝင်တိုက်လို့ ၁၄ ဦးသေဆုံးပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကားမောင်းလာသူ အသက် ၄၂နှစ်အရွယ် စစ်မှုထမ်းဟောင်း Jabbar ဆိုသူဖြစ်ပြီး၊ သူက ရဲအရာရှိတွေကို ပစ်ခတ်ပြီး ရဲက ပြန်ပစ်လို့ အဲဒီမှာပဲ သေဆုံးခဲ့ပါတယ်။

သူ့ကားနောက်မှာတော့ IS စစ်သွေးကြွအလံတလက်တွေ့ရပါတယ်။ ရွေးကောက်ခံသမ္မတ Donald Trump သမ္မတအဖြစ် ကျမ်းသစ္စာမဆိုခင်၊ သက်တမ်း သီတင်းနှစ်ပတ်ပဲကျန်တဲ့ သမ္မတ Biden ဟာ အဲဒီအမှုကို စုံစမ်းစစ်ဆေးနေသူတွေနဲ့လည်း တွေ့ဖို့ရှိပါတယ်။ ဒီအမှုမှာ သံသယရှိသူ Jabbar ဟာ တဦးတည်းလုပ်ဆောင်တာလို့ စုံစမ်းစစ်ဆေးသူတွေကတော့ ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခံရတဲ့နေ့ကတော့ သမ္မတ ဘိုင်ဒန်ဟာ မေရီလန်းပြည်နယ်က Camp David အပန်းဖြေစခန်းမှာရှိနေပြီး၊ အဲဒီကနေ တနိုင်ငံလုံးကို မိန့်ခွန်းစကားပြောပြီး အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာသူတွေအတွက် ဝမ်းနည်းစကားဆိုခဲ့ပါတယ်။

New Orleans မြို့ တိုက်ခိုက်ခံရမှု သမ္မတဘိုင်ဒန်သွားရောက်စစ်ဆေးမည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG