သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ယူကရိန်းကို ပစ်ထားမည်မဟုတ်" သမ္မတဘိုင်ဒန်


အမေရိကန်သမ္မတ Joe Biden က နော်မန်ဒီကမ်းတက်တိုက်ပွဲနှစ် ၈၀ ပြည့်အထိမ်းအမှတ်မိန့်ခွန်းပြောကြားစဥ်။ (ဇွန် ၆၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden က နော်မန်ဒီကမ်းတက်တိုက်ပွဲနှစ် ၈၀ ပြည့်အထိမ်းအမှတ်မိန့်ခွန်းပြောကြားစဥ်။ (ဇွန် ၆၊ ၂၀၂၄)

ဒုတိယကမ္ဘာစစ်အတွင်း အနောက်ဥရောပမှာ နာဇီဂျာမနီတွေရဲ့ ကျူးကျော်သိမ်းပိုက်မှုကိုအဆုံးသတ်စေတဲ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ D-Day အနှစ် ၈၀ ပြည့်အခမ်းအနားမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နဲ့ NATO မဟာမိတ်တွေအနေနဲ့ ရုရှားရဲ့ ၂ နှစ်ကျော် ကျူးကျော်မှုကိုတွန်းလှန်နေရတဲ့ယူကရိန်းကို ပစ်မထားဘဲ အထောက်အကူဆက်ပေးမှာ ဖြစ်ကြောင်းပြောပါတယ်။

ပြင်သစ်နိုင်ငံက အမေရိကန်ကျဆုံး စစ်သည်များအထိမ်းအမှတ် ကော်လ်ဗီလ်း ဆိုမဲ (Colleville-sur-Mer) စစ်သင်္ချိုင်းမှာကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပြီး အနိုင်ကျင့်ခံနေရတဲ့ ယူကရိန်းရဲ့တွန်းလှန်တိုက်ခိုက်မှုတွေကို ဘယ်တော့မှ လျစ်လျူရှုထားမှာ မဟုတ်ကြောင်း သမ္မတဘိုင်ဒန်က ပြောကြားလိုက်တာပါ။ ယူကရိန်းဟာ သြဇာလွှမ်းမိုးဖို့ရည်ရွယ်တဲ့ အာဏာရှင်ရုရှားသမ္မတ Vladimir Putin ရဲ့ ကျူးကျော်မှုကိုခံရတာဖြစ်ပြီး ဒုတိယကမ္ဘာစစ် ဖြစ်ပွါးချိန်ကစပြီး အခုအခါမှာ ဒီမိုကရေစီဟာ ပိုအန္တရာယ်ရှိလာနေတယ်လို့လည်း ပြောပါတယ်။

အမှားတစုံတရာမလုပ်မိဖို့ အနိုင်ကျင့်မှုတွေကို အရှုံးပေးမှာမဟုတ်သလို ဘယ်တော့မှလည်း ဦးညွှတ်မှာမဟုတ်ကြောင်းနဲ့ တကယ်လို့အရှုံးပေးလိုက်ရင် လွတ်လပ်မှုတွေ ဆုံးရှုံးမှာဖြစ်သလို ဥရောပနိုင်ငံတွေ အားလုံးလည်း အခြိမ်းခြောက်ခံနေရမယ်လို့ သတိပေးပါတယ်။ D-Day ကမ်းတက်တိုက်ပွဲဟာ သမိုင်းမှာ အကြီးမားဆုံး ရေကြောင်း၊ ကုန်းကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ဒါဟာ မဟာမိတ်တွေရဲ့အားကြီးတဲ့ မဟာမိတ်ဖွဲ့မှုတခုဖြစ်သလို တကယ်စစ်မှန်တဲ့ မဟာမိတ်တွေစုပေါင်းပြီး အင်အားခိုင်မာမှုကို ပြသခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

အခမ်းအနားကိုတက်ရောက်လာတဲ့ ဒုတိယကမ္ဘာစစ်မှာ တိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်တွေကိုလည်း သမ္မတဘိုင်ဒန်က နှုတ်ဆက်စကားပြောကြားခဲ့ပြီး သူတို့ဟာ ကမ္ဘာကြီးကိုကယ်တင်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ တချို့ဟာ အသက် ၁၀၀ ကျော်နေပြီဖြစ်ပါတယ်။

၂၀၂၄ ရွေးကောက်ပွဲမှာ ပြန်အရွေးခံဖို့ မဲဆွယ်နေတဲ့ သမ္မတဘိုင်ဒန်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ရီပတ်ဘလစ်ကင်ပါတီက သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကတော့ လွန်ခဲ့တဲ့ ၅ နှစ် D-Day ၇၅ နှစ် နှစ်ပတ်လည်နေ့မှာ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

"ယူကရိန်းကို ပစ်ထားမည်မဟုတ်" သမ္မတဘိုင်ဒန်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG