သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်ရေး ဒေသတွင်း နိုင်ငံတွေနဲ့ ကြိုးပမ်းဖို့ သမ္မတဘိုင်ဒင် ကတိပြု


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

လက်ရှိ အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးနဲ့ ဟာမတ်စ်တို့ လက်တွေ့ အကောင်အထည်ဖော်လာရေးအတွက် အီဂျစ်၊ ကာတာနိုင်ငံတို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ သမ္မတ Joe Biden က သဘောတူထားတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က မနေ့ တနင်္လာနေ့မှာ ပြောပါတယ်။​

ဂါဇာမှာ ဟာမတ်စ်တို့ အခုချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ ဓားစာခံတွေပြန်လွှတ်ရေး အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစား ဆောင်ရွက်ပေးကြဖို့ကိုလည်း အီဂျစ်သမ္မတ Abdel Fattah el-Sissi ကာတာဘုရင် Sheikh Tamim bin Hamad Al Thani တို့နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားစဉ် သမ္မတ Biden က တိုက်တွန်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။​

ဓားစာခံတွေ ပြန်လွှတ်ရေးဟာ ချက်ခြင်း အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာမှာရှိတဲ့ ပြည်သူတွေအတွက် စာနာမှုအကူအညီတွေ အမြန်ဆုံး ရောက်ရှိရေးတို့အတွက် တခုတည်းသော အဟန့်အတားဖြစ်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်တန့်ရေးအတွက် အမေရိကန်၊​ အီဂျစ်နဲ့ ကာတာနိုင်ငံတို့ လအတန်ကြာ ကြိုးပမ်း ဆောင်ရွက်နေကြတာပါ။

လက်ရှိ တင်သွင်းထားတဲ့ အဆိုပြုချက်ထဲမှာ သီတင်းပတ် ၆ ပတ်ကြာ ယာယီ အပစ်အခတ်ရပ်စဲရေး၊ ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး၊ အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ ဂါဇာမှာရှိတဲ့ အရပ်သား ပြည်သူတွေအတွက် စာနာမှုအကူအညီတွေ တိုးမြင့် ပို့ပေးရေးတို့ ပါဝင်ပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG