သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းရန်ဇုန်သတ်မှတ်မှု ဆွေးနွေးဖို့ ကန် ဒုသမ္မတ တရုတ်သွားမည်


တရုတ်နိုင်ငံရဲ့ အငြင်းပွားစရာ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံနဲ့ ဆွေးနွေးပြီးတဲ့နောက် အမေရိကန် ဒုသမ္မတ Joe Biden ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဘေဂျင်းမြို့တော်ဆီ သွားမှာဖြစ်ပါတယ်။

တရုတ်က အခုလို လေကြောင်းဇုန်သစ် သတ်မှတ်တယ်လို့ ကြေညာလိုက်တဲ့အတွက် ဒေသတွင်း တင်းမာမှုတွေ တိုးလာခဲ့ပြီး၊ အတွက်အချက်မှားမှု၊ ကြိုတင်ခန့်မှန်းလို့ မရတဲ့ ကိစ္စတွေ ဖြစ်နိုင်တဲ့ အလားအလာ ပိုတိုးလာခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေ့နဲ့ အင်္ဂါနေ့က တွေ့ဆုံအပြီး ဒုသမ္မတ Biden က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီကိစ္စကို တရုတ်ခေါင်းဆောင်တွေနဲ့ ဘေဂျင်းမှာ တွေ့တဲ့အခါ ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ မစ္စတာ Biden က ပြောပါတယ်။ တရုတ်နဲ့ ဂျပန်တို့ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းတွေအပေါ် အကျုံးဝင်နေတဲ့ လေကြောင်းရန် ကာကွယ်ရေးဇုန်ကို တရုတ်က ပြီးခဲ့တဲ့လက သတ်မှတ်ခဲ့ပါတယ်။

အဲဒီဇုန်ကို ဖြတ်ပြီး ပျံသန်းတဲ့ လေယာဉ်တွေမှန်သမျှ ဘယ်ကလာတဲ့ လေယာဉ်ဖြစ်တယ်၊ ပျံသန်းမှု အစီအစဉ်တွေက ဘာတွေလဲဆိုတာကို ပြောရမယ်လို့ တရုတ်အစိုးရက တောင်းဆိုထားပါတယ်။
XS
SM
MD
LG