သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်မုန်တိုင်းဒဏ်ထူထောင်ရေးကူညီဖို့ သမ္မတဘိုင်ဒန်ကတိပြု


မြောက်ကယ်ရိုလိုင်းနားပြည်နယ် Raleigh မြို့က အရေးပေါ်ကယ်ဆယ်ရေးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုအတွင်း တွေ့ရတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ယာ) (အောက်တိုဘာ ၂၊ ၂၀၂၄)
မြောက်ကယ်ရိုလိုင်းနားပြည်နယ် Raleigh မြို့က အရေးပေါ်ကယ်ဆယ်ရေးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုအတွင်း တွေ့ရတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ယာ) (အောက်တိုဘာ ၂၊ ၂၀၂၄)

ဟာရီကိန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါနဲ့ ဂျော်ဂျီယာပြည်နယ်တွေကို သမ္မတ ဂျိုးဘိုင်ဒန် ဒီကနေ့ ကိုယ်တိုင်သွားရောက်ပြီး သဘာဝဘေး အန္တရာယ် တုံ့ပြန်ကိုင်တွယ်ရာမှာ ပါဝင်နေတဲ့ ပြည်နယ် တာဝန်ရှိသူတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့ တုန်းကတော့ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ တောင်နဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေကို သွားခဲ့သလို၊ မုန်တိုင်းသင့် ဒေသတွေအတွက် လိုအပ်တဲ့အကူအညီတွေ အမြန်ဆုံး ပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

"ခုလိုအချိန်မျိုးမှာ နိုင်ငံရေးအမြင်တွေကို ဘေးဖယ်ထားပြီး ဒီမိုကရက် ရယ်၊ ရီပတ်ဘလစ်ကန် ရယ် ဆိုတာ မရှိဘဲ အားလုံးဟာ အမေရိကန် နိုင်ငံသားတွေ ဖြစ်တယ်။ ခုချိန်မှာ လူတွေဆီကို အကူအညီတွေ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ရောက်အောင် ဆောင်ရွက်သွားရမှာ ဖြစ်တယ်"လို့ သမ္မတ ဂျိုးဘိုင်ဒန်က မနေ့က မြောက်ကာရိုလိုင်းနား ခရီးစဥ်အတွင်း ပြောသွားတာပါ။

မုန်တိုင်းလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကူညီဖို့ တပ်ဖွဲ့ဝင် ၁၀၀၀ ကျော် စေလွှတ်သွားမယ်လို့လည်း သမ္မတက ပြောဆိုခဲ့ပါတယ်။ မုန်တိုင်းသင့်ပြည်သူတွေ ကိုယ့်ဖာသာ ပြန်လည်ရပ်တည် နိုင်တဲ့ အခြေအနေ ရောက်တဲ့အထိ လိုအပ်တဲ့ အကူအညီတွေကို အစိုးရ ပေးသွားမယ့် အကြောင်းကိုလည်း သမ္မတက အခိုင်အမာ ပြောသွားပါတယ်။

ပြန်လည်ထောင်ရေးအတွက် ဒေါ်လာ သန်းထောင်ချီ ကုန်ကျမယ့်အကြောင်းနဲ့ ပြန်လည်ထူထောင်ရေး အတွက် ခက်ခက်ခဲခဲ အချိန်ယူ လုပ်ဆောင်သွားရမှာ ဖြစ်တယ်ဆိုတာကိုလည်း သမ္မတက ပြောဆိုသွားခဲ့ပါတယ်။ အမေရိကန် အရှေ့တောင်ပိုင်း ပြည်နယ် ၆ ခုမှာ မုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ နီးပါး ရှိနေပြီး နောက်ထပ် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်တဲ့ တချိန်တည်းမှာ မုန်တိုင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ပြည်သူ ၁ သန်းကျော် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG