သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝန္ထမ္းမ်ားအတြက္ သမၼတ Biden ရဲ႕ ကိုဗစ္စည္းကမ္းသစ္


Preaident Joe Biden

အေမရိကန္ ျပည္ေထာင္စုမွာ ကိုဗစ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနတာကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းတဲ့ အေနနဲ႔ သန္းနဲ႔ခ်ီတဲ့ အစိုးရ၀န္ထမ္းေတြအတြက္ စည္းကမ္းသစ္ေတြကို အစိုးရက ၾကာသပေတးေန႔မွာပဲ ေၾကညာလိုက္ပါတယ္။

“ကာကြယ္ေဆး ထိုးၿပီးသူ ဟုတ္မဟုတ္ အေထာက္အထား ေတာင္းခံမွာ ျဖစ္ပါတယ္။ အေထာက္အထား မျပႏိုင္တဲ့သူ ဒါမွမဟုတ္ ေဆးမထိုးရေသးရင္ေတာ့ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ႏွာေခါင္းစည္းတပ္ရမွျဖစ္ၿပီး၊ တပတ္ကို ၁ ႀကိမ္၊ ဒါမွမဟုတ္ ၂ ႀကိမ္ ကိုဗစ္ပိုးရွိမရွိ စစ္ေဆးရမွာျဖစ္သလို၊ လူခ်င္းခပ္ခြာခြာ ေနရပါမယ္။” လို႔ သမၼတ Joe Biden က အိမ္ျဖဴေတာ္မွာ ၾကာသပေတးေန႔က သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။

ကာကြယ္ေဆးထိုးတဲ့သူေတြ မ်ားလာဖို႔ အစိုးရ၀န္ထမ္း ၄ သန္းေလာက္အတြက္ ထုတ္ျပန္လိုက္တဲ့ စည္းကမ္းသစ္ေတြကို ပုဂၢလိကလုပ္ငန္းေတြကလည္း လိုက္နာဖို႔ အစိုးရက ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။ စီးပြားေရး လုပ္ငန္းေတြ အေနနဲ႔ ၀န္ထမ္းေတြကို အထူးအခြင့္အေရးေတြေပးၿပီး ကာကြယ္ေဆး ထိုးႏွံေအာင္ စည္း႐ုံးဖို႔လည္း သမၼတဘိုင္ဒင္က တိုက္တြန္းခဲ့တာပါ။ ျပည္နယ္နဲ႔ ေဒသႏၲရ အစိုးရေတြ အေနနဲ႔လည္း ကပ္ေရာဂါအတြက္ အေရးေပၚ ေပးအပ္ထားတဲ့ ရန္ပုံေငြထဲကေန ကာကြယ္ေဆးထိုးတဲ့သူေတြကို ေဒၚလာ ၁၀၀ စီေပးၿပီး စည္း႐ုံးဖို႔လည္း အၾကံျပဳခဲ့ပါတယ္။ အေမရိကန္ လြတ္လပ္ေရးေန႔ ဇူလိုင္လ ၄ ရက္ေန႔မွာ ကာကြယ္ေဆး အျပည့္ထိုးၿပီးတဲ့ အရြယ္ေရာက္သူ အေရအတြက္က လူဦးေရရဲ႕ ၇၀ ရာခိုင္ႏႈန္းရွိဖို႔ သမၼတက ရည္မွန္းခဲ့တာ ျဖစ္ေပမဲ့ အခုအခ်ိန္အထိေတာ့ ၆၀ ရာခိုင္ႏႈန္းေလာက္သာ ရွိေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

ဝန်ထမ်းများအတွက် သမ္မတ Biden ရဲ့ ကိုဗစ်စည်းကမ်းသစ်

အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ သန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေအတွက် စည်းကမ်းသစ်တွေကို အစိုးရက ကြာသပတေးနေ့မှာပဲ ကြေညာလိုက်ပါတယ်။

“ကာကွယ်ဆေး ထိုးပြီးသူ ဟုတ်မဟုတ် အထောက်အထား တောင်းခံမှာ ဖြစ်ပါတယ်။ အထောက်အထား မပြနိုင်တဲ့သူ ဒါမှမဟုတ် ဆေးမထိုးရသေးရင်တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် နှာခေါင်းစည်းတပ်ရမှဖြစ်ပြီး၊ တပတ်ကို ၁ ကြိမ်၊ ဒါမှမဟုတ် ၂ ကြိမ် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရမှာဖြစ်သလို၊ လူချင်းခပ်ခွာခွာ နေရပါမယ်။” လို့ သမ္မတ Joe Biden က အိမ်ဖြူတော်မှာ ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောလိုက်တာပါ။

ကာကွယ်ဆေးထိုးတဲ့သူတွေ များလာဖို့ အစိုးရဝန်ထမ်း ၄ သန်းလောက်အတွက် ထုတ်ပြန်လိုက်တဲ့ စည်းကမ်းသစ်တွေကို ပုဂ္ဂလိကလုပ်ငန်းတွေကလည်း လိုက်နာဖို့ အစိုးရက မျှော်လင့်နေတာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ ဝန်ထမ်းတွေကို အထူးအခွင့်အရေးတွေပေးပြီး ကာကွယ်ဆေး ထိုးနှံအောင် စည်းရုံးဖို့လည်း သမ္မတဘိုင်ဒင်က တိုက်တွန်းခဲ့တာပါ။ ပြည်နယ်နဲ့ ဒေသန္တရ အစိုးရတွေ အနေနဲ့လည်း ကပ်ရောဂါအတွက် အရေးပေါ် ပေးအပ်ထားတဲ့ ရန်ပုံငွေထဲကနေ ကာကွယ်ဆေးထိုးတဲ့သူတွေကို ဒေါ်လာ ၁၀၀ စီပေးပြီး စည်းရုံးဖို့လည်း အကြံပြုခဲ့ပါတယ်။ အမေရိကန် လွတ်လပ်ရေးနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကာကွယ်ဆေး အပြည့်ထိုးပြီးတဲ့ အရွယ်ရောက်သူ အရေအတွက်က လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းရှိဖို့ သမ္မတက ရည်မှန်းခဲ့တာ ဖြစ်ပေမဲ့ အခုအချိန်အထိတော့ ၆၀ ရာခိုင်နှုန်းလောက်သာ ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG