အေမရိကန္-မကၠဆီ နယ္စပ္မွာ ျဖစ္ေပၚေနတဲ့ ေ႐ြ႕ေျပာင္းေနထိုင္သူမ်ားအေရး ပဋိပကၡကို ကိုယ္တိုင္ေလ့လာၾကည့္႐ႈႏိုင္ဖို႔ သမၼတ Joe Biden ဒီကေန႔ ဇန္နဝါရီ ၈ ရက္ေန႔မွာ အေမရိကန္နယ္စပ္ၿမိဳ႕ျဖစ္တဲ့ El Paso ကို သြားေရာက္မွာပါ။
Title 42 လို႔ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါကာလအတြင္း ျပဌာန္းထားတဲ့ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ မူဝါဒကို သက္တမ္းတိုးၿပီး က်ဴးဘား၊ ႏိုင္ကြာရာဂြာ၊ ေဟတီနဲ႔ ဗင္နီဇြဲလားႏိုင္ငံတို႔ကေန အေမရိကန္ႏိုင္ငံအတြင္း တရားမဝင္ ဝင္ေရာက္ၿပီး ခိုလႈံခြင့္ ေလွ်ာက္ထားသူေတြကို မကၠဆီကို ႏိုင္ငံဘက္ျပန္ပို႔မယ္လို႔ အေမရိကန္အစိုးရက ေၾကညာခ်က္ထုတ္ျပန္ၿပီး ရက္ပိုင္းအၾကာမွာ သမၼတဘိုင္ဒန္ အခုလို နယ္စပ္ကို ပထမဆုံးအႀကိမ္ သြားေရာက္တာ ျဖစ္ပါတယ္။
El Paso ၿမိဳ႕ဟာ မကၠဆီကိုနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ အေမရိကန္ဘက္က အႀကီးဆုံးၿမိဳ႕တၿမိဳ႕ျဖစ္ၿပီး အဲဒီမွာ ေတာင္နဲ႔ လက္တင္အေမရိကတိုက္က ေထာင္ေသာင္းခ်ီတဲ့ ေ႐ြ႕ေျပာင္းအေျခခ် ေနထိုင္လိုသူေတြ ေရာက္႐ွိေနတာပါ။
တနဂၤေႏြေန႔ ေႏွာင္းပိုင္းမွာေတာ့ သမၼတဘိုင္ဒန္ဟာ မကၠဆီကိုႏိုင္ငံ၊ မကၠဆီကိုစီးတီးၿမိဳ႕ကို ခရီးဆက္မွာျဖစ္ၿပီး အဲဒီမွာ မကၠဆီကို သမၼတ Andres Manuel Lopez Obrador, ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau တို႔နဲ႔ တနလၤာေန႔မွာ ျပဳလုပ္မယ့္ ေျမာက္အေမရိကားတိုက္ ထိပ္သီးစည္းေဝးပြဲကို တက္ေရာက္မွာ ျဖစ္ပါတယ္။
======= Unicode =====
အမေရိကန်-မက္ကဆီ နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ ရွေ့ပြောင်းနေထိုင်သူများအရေး ပဋိပက္ခကို ကိုယ်တိုင်လေ့လာကြည့်ရှုနိုင်ဖို့ သမ္မတ Joe Biden ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ အမေရိကန်နယ်စပ်မြို့ဖြစ်တဲ့ El Paso ကို သွားရောက်မှာပါ။
Title 42 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ပြဌာန်းထားတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒကို သက်တမ်းတိုးပြီး ကျူးဘား၊ နိုင်ကွာရာဂွာ၊ ဟေတီနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကနေ အမေရိကန်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ပြီး ခိုလှုံခွင့် လျှောက်ထားသူတွေကို မက္ကဆီကို နိုင်ငံဘက်ပြန်ပို့မယ်လို့ အမေရိကန်အစိုးရက ကြေညာချက်ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာ သမ္မတဘိုင်ဒန် အခုလို နယ်စပ်ကို ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပါတယ်။
El Paso မြို့ဟာ မက္ကဆီကိုနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အမေရိကန်ဘက်က အကြီးဆုံးမြို့တမြို့ဖြစ်ပြီး အဲဒီမှာ တောင်နဲ့ လက်တင်အမေရိကတိုက်က ထောင်သောင်းချီတဲ့ ရွေ့ပြောင်းအခြေချ နေထိုင်လိုသူတွေ ရောက်ရှိနေတာပါ။
တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ သမ္မတဘိုင်ဒန်ဟာ မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ မက္ကဆီကို သမ္မတ Andres Manuel Lopez Obrador, ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့နဲ့ တနင်္လာနေ့မှာ ပြုလုပ်မယ့် မြောက်အမေရိကားတိုက် ထိပ်သီးစည်းဝေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။