သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီမိုကေရစီကိုကာကြယ္ဖို႔ လႊတ္ေတာ္ စီးနင္းခံရတဲ႔ ႏွစ္ပတ္လည္မွာ သမၼတ Biden တိုက္တြန္း


= = =[ Zawgyi ]= = =

ဒီမိုကေရစီကိုကာကြယ္ဖို႔ လႊတ္ေတာ္ စီးနင္းခံရတဲ႔ ႏွစ္ပတ္လည္မွာ သမၼတ Biden တိုက္တြန္း

အေမရိကန္မွာ ကြန္ဂရက္လႊတ္ေတာ္ကို စီးနင္း၀င္ေရာက္ခံခဲ့ရတာ တႏွစ္ျပည့္ အထိမ္းအမွတ္ အခမ္းအနား က်င္းပရာမွာ ဒီမိုကေရစီ စံတန္ဘိုးေတြကို ကာကြယ္ေစာင့္ေရွာက္ၾကဖို႔ အေမရိကန္ေတြကို သမၼတ Joe Biden က ပန္ၾကားလိုက္ပါတယ္။

“ႏိုင္ငံေရး အၾကမ္းဖက္မႈေတြကို စံတခုအျဖစ္ လက္ခံထားတဲ့ တိုင္းျပည္ျဖစ္လာေတာ့မွာလား၊ ျပည္သူလူထုရဲ႕ တရား၀င္ ဆႏၵသေဘာထားကို ေရြးေကာက္ပဲြ တာ၀န္ရွိသူေတြက ပါတီစဲြနဲ႔ ေျပာင္းလဲတာကို လက္ခံတဲ့ တိုင္းျပည္ျဖစ္လာေတာ့မွာလား။” ဆိုၿပီး လႊတ္ေတာ္က ၾကာသပေတးေန႔ မိန္႔ခြန္းမွာ သမၼတဘိုင္ဒင္ ေျပာၾကားသြားတာ ျဖစ္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပဲြမွာ အႏိုင္ရခဲ့တဲ့ ေရြးေကာက္ခံသမၼတဘိုင္ဒင္ကို လႊတ္ေတာ္မွာ တရား၀င္ အတည္ျပဳမယ့္ အစီအစဥ္ကို ဟန္႔တားဖို႔ ႀကိဳးပမ္းတဲ့ အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလ ၆ ရက္ေန႔က သမၼတေဟာင္း Donald Trump ကို ေထာက္ခံသူေတြက ရဲေတြနဲ႔ အတားအဆီးေတြကို အင္အားအလုံးအရင္းနဲ႔ ျဖတ္ေက်ာ္ၿပီး လႊတ္ေတာ္ကို စီးနင္းခဲ့ၾကတာပါ။

လြန္ခဲ့တဲ့ ၁ ႏွစ္က အျဖစ္အပ်က္ေၾကာင့္ ဒီမိုကေရစီစနစ္ဟာ က်ဆုံးေတာ့မယ္ဆိုၿပီး တ႐ုတ္၊ ႐ုရွားတို႔လို ႏိုင္ငံေတြက ျမင္လာၾကတယ္လို႔လည္း သမၼတဘိုင္ဒင္က မိန္႔ခြန္းမွာ ထည့္သြင္းေျပာဆိုသြားပါတယ္။

Trump ကို နာမည္တပ္ မေျပာခဲ့ေပမဲ့လည္း ေရြးေကာက္ပဲြ ရလဒ္ကို ေျပာင္းလဲဖို႔ သမၼတေဟာင္းရဲ႕ ႀကိဳးပမ္းမႈေတြ ေအာင္ျမင္မႈမရခဲ့ဘဲ အေမရိကန္ရဲ႕ ဒီမိုကေရစီစနစ္ ထိခိုက္ခဲ့ရတာကို သမၼတဘိုင္ဒင္က အႀကိမ္ႀကိမ္ ထည့္သြင္းေျပာၾကားခဲ့တာပါ။ သမၼတေဟာင္း Trump ကေတာ့ လက္ရွိအစိုးရရဲ႕ မူဝါဒေတြ မေအာင္မျမင္ ျဖစ္ေနတာေတြကေန အာ႐ုံလဲႊဖို႔ ႀကိဳးပမ္းတဲ့လုပ္ရပ္အျဖစ္ သမၼတဘိုင္ဒင္ မိန္႔ခြန္းအၿပီးမွာပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုလိုက္ပါတယ္။

လူ ၅ ဦးေသဆုံး၊ ၁၃၀ ေက်ာ္ ဒဏ္ရာရခဲ့တဲ့ လႊတ္ေတာ္ကို စီးနင္းတိုက္ခိုက္မႈနဲ႔ ဆက္ႏြယ္ၿပီး လူေပါင္း ၇၂၅ ေလာက္ကို ရာဇ၀တ္မႈေတြနဲ႔ အေရးယူထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


= ={ Unicode }= = =

ဒီမိုကရေစီကိုကာကွယ်ဖို့ လွှတ်တော် စီးနင်းခံရတဲ့ နှစ်ပတ်လည်မှာ သမ္မတ Biden တိုက်တွန်း

အမေရိကန်မှာ ကွန်ဂရက်လွှတ်တော်ကို စီးနင်းဝင်ရောက်ခံခဲ့ရတာ တနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရာမှာ ဒီမိုကရေစီ စံတန်ဘိုးတွေကို ကာကွယ်စောင့်ရှောက်ကြဖို့ အမေရိကန်တွေကို သမ္မတ Joe Biden က ပန်ကြားလိုက်ပါတယ်။

“နိုင်ငံရေး အကြမ်းဖက်မှုတွေကို စံတခုအဖြစ် လက်ခံထားတဲ့ တိုင်းပြည်ဖြစ်လာတော့မှာလား၊ ပြည်သူလူထုရဲ့ တရားဝင် ဆန္ဒသဘောထားကို ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပါတီစွဲနဲ့ ပြောင်းလဲတာကို လက်ခံတဲ့ တိုင်းပြည်ဖြစ်လာတော့မှာလား။” ဆိုပြီး လွှတ်တော်က ကြာသပတေးနေ့ မိန့်ခွန်းမှာ သမ္မတဘိုင်ဒင် ပြောကြားသွားတာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံသမ္မတဘိုင်ဒင်ကို လွှတ်တော်မှာ တရားဝင် အတည်ပြုမယ့် အစီအစဉ်ကို ဟန့်တားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၆ ရက်နေ့က သမ္မတဟောင်း Donald Trump ကို ထောက်ခံသူတွေက ရဲတွေနဲ့ အတားအဆီးတွေကို အင်အားအလုံးအရင်းနဲ့ ဖြတ်ကျော်ပြီး လွှတ်တော်ကို စီးနင်းခဲ့ကြတာပါ။

လွန်ခဲ့တဲ့ ၁ နှစ်က အဖြစ်အပျက်ကြောင့် ဒီမိုကရေစီစနစ်ဟာ ကျဆုံးတော့မယ်ဆိုပြီး တရုတ်၊ ရုရှားတို့လို နိုင်ငံတွေက မြင်လာကြတယ်လို့လည်း သမ္မတဘိုင်ဒင်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

Trump ကို နာမည်တပ် မပြောခဲ့ပေမဲ့လည်း ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲဖို့ သမ္မတဟောင်းရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှုမရခဲ့ဘဲ အမေရိကန်ရဲ့ ဒီမိုကရေစီစနစ် ထိခိုက်ခဲ့ရတာကို သမ္မတဘိုင်ဒင်က အကြိမ်ကြိမ် ထည့်သွင်းပြောကြားခဲ့တာပါ။ သမ္မတဟောင်း Trump ကတော့ လက်ရှိအစိုးရရဲ့ မူဝါဒတွေ မအောင်မမြင် ဖြစ်နေတာတွေကနေ အာရုံလွဲှဖို့ ကြိုးပမ်းတဲ့လုပ်ရပ်အဖြစ် သမ္မတဘိုင်ဒင် မိန့်ခွန်းအပြီးမှာပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

လူ ၅ ဦးသေဆုံး၊ ၁၃၀ ကျော် ဒဏ်ရာရခဲ့တဲ့ လွှတ်တော်ကို စီးနင်းတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လူပေါင်း ၇၂၅ လောက်ကို ရာဇဝတ်မှုတွေနဲ့ အရေးယူထားပါတယ်။

XS
SM
MD
LG