သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ဒီမိုကေရစီေရး ဗ်ဴဟာေျမာက္ကူညီဖို႔ပါဝင္တဲ့ ကန္ကာကြယ္ေရးဆိုင္ရာဥပေဒ အတည္ျပဳ


အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္

[Zawgyi/Unicode]

ျမန္မာႏိုင္ငံ ဒီမိုကေရစီျပန္လည္ထြန္းကားေရးနဲ႔ပတ္သက္လို႔ အေမရိကန္အစိုးရလုပ္ေဆာင္ရမယ့္အခ်က္ေတြကို က႑တခုအျဖစ္ ျဖည့္စြက္ေဖာ္ျပထားတဲ့ အေမရိကန္ႏိုင္ငံကာကြယ္ေရးဆိုင္ရာဥပေဒ NDAA ကို သမၼတ Joe Biden က တနလၤာေန႔က လက္မွတ္ထိုး အတည္ျပဳေပးလိုက္ပါတယ္။ ဒီဥပေဒထဲမွာေတာ့ အေမရိကန္ကာကြယ္ေရးဆိုင္ရာ အသုံးစရိတ္ကို ေဒၚလာ ၇၇၀ ဘီလီယံအထိ အသုံးျပဳခြင့္ေပးထားပါတယ္။ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို တရားဝင္အသိအမွတ္ျပဳေထာက္ခံဖို႔၊ ျမန္မာစစ္တပ္ကို ဒဏ္ခတ္အေရးယူဖို႔၊ ျမန္မာႏိုင္ငံတြင္း အရပ္သားအစိုးရအုပ္ခ်ဳပ္မႈေအာက္မွာ ဒီမိုကေရစီႏိုင္ငံျပန္လည္ေဖာ္ေဆာင္ဖို႔၊ ျမန္မာစစ္တပ္က ခ်ိဳးေဖာက္တဲ့ ရာဇဝတ္မႈေတြကို အေရးယူသြားႏိုင္ဖို႔ စတဲ့ ျမန္မာႏိုင္ငံနဲ႔ဆိုင္တဲ့ မဟာဗ်ဴဟာေတြကို သမတ Biden အစိုးရတာဝန္ရွိသူေတြအေနနဲ႔ လႊတ္ေတာ္ကို ရက္ ၆၀အတြင္း တင္ျပရမယ္ဆိုတဲ့ အခ်က္လည္း ဒီဥပေဒမွာပါဝင္ပါတယ္။

ဒါ့အျပင္ အေမရိကန္ႏိုင္ငံျခားေရးဌာန၊ အေမရိကန္ႏိုင္ငံတကာဖြံ႕ၿဖိဳးေရး ေအဂ်င္စီ USAID ၊ ဘ႑ာေရးနဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနေတြက အရာရွိေတြအေနနဲ႔ ျမန္မာႏိုင္ငံသက္ဆိုင္တဲ့ မူဝါဒေတြနဲ႔ လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္ေတြနဲ႔ဆိုင္တဲ့ ျဖစ္ေပၚ တိုးတက္မႈေတြကို ပုံမွန္ တင္ျပေပးသြားရမယ့္အခ်က္လည္း ပါဝင္ပါတယ္။

ဒီဇင္ဘာ ၁၅ ရက္ေန႔မွာ အေမရိကန္အထက္လႊတ္ေတာ္က အတည္ျပဳေပးလိုက္တဲ့ ဒီ ကာကြယ္ေရးဆိုင္ရာ အသုံးစားရိတ္ ဥပေဒမူၾကမ္းထဲ ျမန္မာႏိုင္ငံနဲ႔ဆိုင္တဲ့ ကိစၥရပ္ေတြ ပါဝင္ဖို႔ အထက္လႊတ္ေတာ္ ရီပတ္ဘလီကန္ လူနည္းစုေခါင္းေဆာင္ Mitch McConnell က ဦးေဆာင္ ေရးဆြဲ ထည့္သြင္းခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ ထြန္ကားလာေရးအတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ စစ္ေကာင္စီအေပၚ အဓိပၸါယ္ရွိတဲ့ ဖိအားေပးမႈေတြ လုပ္ေဆာင္တာအျပင္ ဒီမိုကေရစီနည္းလမ္းတက် ေ႐ြးေကာက္ တင္ေျမႇာက္ထားတဲ့ အစိုးရကို အသိအမွတ္ျပဳတာေတြလည္း ပါဝင္တယ္လို႔ အထက္လႊတ္ေတာ္အမတ္ Mitch McConnell က အေမရိကန္ အမ်ိဳးသားကာကြယ္ေရးဆိုင္ရာ ဥပေဒမူၾကမ္းထဲ ျမန္မာႏိုင္ငံအေရး ထည့္သြင္းရျခင္းနဲ႔ပတ္သက္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီ ဥပေဒထဲမွာ အေမရိကန္စစ္ဝန္ထမ္းေတြအတြက္ လစာ ၂.၇% တိုးျမင့္ေပးတာ အပါအဝင္ ကာကြယ္ေရးဝန္ႀကီးဌာန တခုလုံးအတြက္ အသုံးစားရိတ္ ၅% တိုးျမင့္ေပးထားပါတယ္။ ဒါဟာ သမၼတ Biden ဘက္က ကနဦး တင္သြင္းထားတဲ့ ကာကြယ္ေရးအသုံးစားရိတ္ အဆိုျပဳခ်က္ထက္ ၂၅ ဘီလီယံ ပိုတိုးေပးလိုက္တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[Zawgyi/Unicode]

မြန်မာ့ဒီမိုကရေစီရေး ဗျူဟာမြောက်ကူညီဖို့ပါဝင်တဲ့ ကန်ကာကွယ်ရေးဆိုင်ရာဥပဒေ အတည်ပြု

မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထွန်းကားရေးနဲ့ပတ်သက်လို့ အမေရိကန်အစိုးရလုပ်ဆောင်ရမယ့်အချက်တွေကို ကဏ္ဍတခုအဖြစ် ဖြည့်စွက်ဖော်ပြထားတဲ့ အမေရိကန်နိုင်ငံကာကွယ်ရေးဆိုင်ရာဥပဒေ NDAA ကို သမ္မတ Joe Biden က တနင်းလာနေ့က လက်မှတ်ထိုး အတည်ပြုပေးလိုက်ပါတယ်။ဒီဥပဒေထဲမှာတော့ အမေရိကန်ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ကို ဒေါ်လာ ၇၇၀ ဘီလီယံအထိ အသုံးပြုခွင့်ပေးထားပါတယ်။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုထောက်ခံဖို့၊ မြန်မာစစ်တပ်ကို ဒဏ်ခတ်အရေးယူဖို့၊ မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာ ဒီမိုကရေစီနိုင်ငံပြန်လည်ဖော်ဆောင်ဖို့၊ မြန်မာစစ်တပ်က ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို အရေးယူသွားနိုင်ဖို့ စတဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ မဟာဗျူဟာတွေကို သမတ Biden အစိုးရတာဝန်ရှိသူတွေအနေနဲ့ လွှတ်တော်ကို ရက် ၆၀အတွင်း တင်ပြရမယ်ဆိုတဲ့ အချက်လည်း ဒီဥပဒေမှာပါဝင်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဌာန၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ USAID ၊ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေက အရာရှိတွေအနေနဲ့ မြန်မာနိုင်ငံသက်ဆိုင်တဲ့ မူဝါဒတွေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ဆိုင်တဲ့ ဖြစ်ပေါ် တိုးတက်မှုတွေကို ပုံမှန် တင်ပြပေးသွားရမယ့်အချက်လည်း ပါဝင်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အမေရိကန်အထက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဒီ ကာကွယ်ရေးဆိုင်ရာ အသုံးစားရိတ် ဥပဒေမူကြမ်းထဲ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ ပါဝင်ဖို့ အထက်လွှတ်တော် ရီပတ်ဘလီကန် လူနည်းစုခေါင်းဆောင် Mitch McConnell က ဦးဆောင် ရေးဆွဲ ထည့်သွင်းခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည် ထွန်ကားလာရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ကောင်စီအပေါ် အဓိပ္ပါယ်ရှိတဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်တာအပြင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို အသိအမှတ်ပြုတာတွေလည်း ပါဝင်တယ်လို့ အထက်လွှတ်တော်အမတ် Mitch McConnell က အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေမူကြမ်းထဲ မြန်မာနိုင်ငံအရေး ထည့်သွင်းရခြင်းနဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။

ဒီ ဥပဒေထဲမှာ အမေရိကန်စစ်ဝန်ထမ်းတွေအတွက် လစာ ၂.၇% တိုးမြင့်ပေးတာ အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန တခုလုံးအတွက် အသုံးစားရိတ် ၅% တိုးမြင့်ပေးထားပါတယ်။ ဒါဟာ သမ္မတ Biden ဘက်က ကနဦး တင်သွင်းထားတဲ့ ကာကွယ်ရေးအသုံးစားရိတ် အဆိုပြုချက်ထက် ၂၅ ဘီလီယံ ပိုတိုးပေးလိုက်တာလည်း ဖြစ်ပါတယ်။

#USNDAA #USMyanmar #JoeBiden #VOABurmese

XS
SM
MD
LG