သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် ဖလော်ရီဒါပြည်နယ် သမ္မတဘိုင်ဒင် သွားရောက်စစ်ဆေးမည်


သမ္မတဘိုင်ဒင် မုန်တိုင်းသင့် ဖလော်ရီဒါပြည်နယ်သို့ သွားရောက်စစ်ဆေးဖို့ ထွက်ခွါ
သမ္မတဘိုင်ဒင် မုန်တိုင်းသင့် ဖလော်ရီဒါပြည်နယ်သို့ သွားရောက်စစ်ဆေးဖို့ ထွက်ခွါ

ဟာရီကိန်းမုန်တိုင်း Milton ကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရတဲ့ ဖလော်ရီဒါပြည်နယ်ကို အမေရိကန်သမ္မတ Joe Biden ဒီကနေ့ သွားရောက်စစ်ဆေးမှာ ဖြစ်ပါတယ်။ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း ၂ ခု ဆက်တိုက် ဝင်ရောက်ခဲ့တဲ့ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်အတွက် ကပ်ဘေးအန္တရာယ် အရေးပေါ်ရန်ပုံတွေ ထပ်မံအတည်ပြုဖို့လည်း ကွန်ဂရက်လွှတ်တော်ကို သမ္မတက တိုက်တွန်းထားပါတယ်။

ဒုသမ္မတ Kamala Harris ကတော့ ပထမတကြိမ် Helene ဟာရီကိန်းမုန်တိုင်း ဝင်ရောက်စဉ်က ထိခိုက်မှုတွေ ကြီးမားခဲ့တဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ နောက်တရက်ထပ်နေပြီး လူမည်းဘုရားကျောင်းတခုက အခမ်းအနားကို တက်ရောက်ဖို့နဲ့ ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ဖို့ စီစဉ်ထားပါတယ်။ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဒုသမ္မတ Harris နဲ့ ပြိုင်ဖက်ဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့် ရွေးကောက်ပွဲတုန်းက မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ ပွတ်ကာသီကာ အနိုင်ရခဲ့ဖူးပါတယ်။ ဒုသမ္မတ Harris ရဲ့ ဒီမိုကရက်တစ်ပါတီကတော့ ရှေ့လရွေးကောက်ပွဲကျရင် မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ ပြန်အနိုင်ရဖို့ မျှော်လင့်နေတာပါ။

သမ္မတဘိုင်ဒင်ရဲ့ ဒီကနေ့ ဖလော်ရီဒါပြည်နယ် ခရီးစဉ်ဟာ လာမယ့်နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်ခင် လွှတ်တော်က အရေးပေါ် အကူအညီတွေ အတည်ပြုပေးနိုင်အောင် ရီပတ်ဘလစ်ကန်ပါတီက အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson ကို ဖိအားပေးနိုင်မယ့် အခွင့်အလန်းတခုလည်း ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အကူအညီတွေပေးဖို့ အထူးသဖြင့် အငယ်စားစီးပွားရေး လုပ်ငန်းတွေကို ထောက်ပံ့ဖို့ သတင်းစကားပါးမယ်လို့ ယူဆကြောင်းလည်း မုန်တိုင်းသင့် ဒေသအတွက် အစိုးရက တုံ့ပြန်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒုသမ္မတနဲ့အတူ လက်တွေတွေကို တွေ့ဆုံခဲ့တဲ့ သမ္မတဘိုင်ဒင်က ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG