သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကယ်ရိုလိုင်းနား ဒီမိုကရက်ပါတီတွင်း သမ္မတလောင်းရွေးပွဲ သမ္မတဘိုင်ဒင် အနိုင်ရ


People vote at polling location in Charleston, South Carolina, on February 3, 2024, during the South Carolina Democratic Primary.
People vote at polling location in Charleston, South Carolina, on February 3, 2024, during the South Carolina Democratic Primary.

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ စနေနေ့က ကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီတွင်း ပဏာမ ရွေးကောက်ပွဲမှာ သမ္မတ ဂျိုးဘိုင်ဒန် အပြတ်အသတ် အနိုင်ရသွားပါတယ်။

ဒါဟာ ပါတီတွင်း သမ္မတလောင်းရွေးပွဲအတွက် ပွဲဦးထွက် အနိုင်ရလိုက်တာလည်း ဖြစ်ပါတယ်။ သမ္မတဘိုင်ဒန်နဲ့ ယှဉ်ပြိုင်ခဲ့ကြသူနှစ်ဦးကတော့ Minnesota ပြည်နယ်က ဒီမိုကရက်လွှတ်တော်အမတ် Dean Philips နဲ့ အမျိုးသမီးစာရေးဆရာမ Marianne Williamson တို့ ဖြစ်ပါတယ်။ မဲအရေအတွက် ၇၄% ကို ရေတွက်ပြီးချိန်မှာ ဘိုင်ဒန်ဟာ မဲပေါင်း ၁ သိန်းကျော်ရခဲ့ပြီး ရာခိုင်နှုန်းအရ ၉၆.၄% အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

တောင်ကယ်ရိုလိုင်းနားပြည်နယ် ပါတီတွင်းရွေးကောက်ပွဲမှာ ဒီမိုကရက် လူမည်းမဲဆန္ဒရှင်တွေရဲ့ အခန်း ကဏ္ဍ အရေးပါခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမှာ တုန်းကလည်း တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှာ သမ္မတဘိုင်ဒင် ထောက်ခံမှုတွေ ဦးမော့လာခဲ့ပြီး နောက်ဆုံးမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီနှစ် ၂၀၂၄ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေကိုလည်း တောင်ကယ်ရိုလိုင်းနားပြည်နယ်ကနေ စတင်ဖို့ သမ္မတ ဘိုင်ဒင်နဲ့ ပါတီခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG