သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခရစၥမတ္ကာလ ဝါရွင္တန္ၿမိဳ႕က ကေလးေဆး႐ုံကို သမၼတ သြားေရာက္အားေပး


အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ၿမိဳ႕ေတာ္မွာရွိတဲ့ Children's National ကေလးေဆး႐ုံကို အေမရိကန္သမၼတ Joe Biden နဲ႔ သမၼတကေတာ္ Dr. Jill Biden တို႔ သြားေရာက္ၿပီး Christmas ပြဲေတာ္ကာလ ေဆး႐ုံတက္ေနၾကရတဲ့ ကေလးေတြနဲ႔ မိသားစုေတြကို ႏွစ္သိမ့္အားေပးခဲ့ၾကပါတယ္။

သမၼတကေတာ္ Dr. Jill Biden က ကေလးေတြကို ႏွင္းေဝတဲ့ေန႔တေန႔လို႔ အဓိပၸါယ္ရမယ့္ "The Snowy Day" ဆိုတဲ့ ပုံျပင္စာအုပ္ကို ဖတ္ျပခဲ့ပါတယ္။

သမၼတကလည္း ကေလးေတြနဲ႔အတူ ပုံျပင္ကို နားေထာင္ခဲ့သလို ပုံျပင္စာအုပ္ စာမ်က္ႏွာတခ်ဳိ ႔ကိုလည္း ဝိုင္းကူကိုင္ေပးခဲ့ပါတယ္။

ပုံမွန္အားျဖင့္ အခုလို Christmas ပြဲေတာ္အခ်ိန္မ်ိဳးကို အေမရိကန္မိသားစုေတြ ေပ်ာ္ေပ်ာ္ပါးပါး ျဖတ္သန္းၾကေလ့ရွိေပမဲ့ ဒီႏွစ္မွာေတာ့ သန္းနဲ႔ခ်ီတဲ့ အေမရိကန္ေတြဟာ မႀကဳံစဖူးျပင္းထန္တဲ့ မုန္တိုင္းေၾကာင့္ အ႐ိုးကြဲေလာက္ေအာင္ေအးတဲ့ အေအးဒဏ္၊ ႏွင္းမုန္တိုင္းဒဏ္ေတြကို ရင္ဆိုင္ေနၾကရပါတယ္။ ေအးခဲလွတဲ့အခ်ိန္ တခ်ဳိ ႔ေနရာေတြမွာလည္း လွ်ပ္စစ္မီးေတြ ပ်က္ေနတာေၾကာင့္ Christmas ပြဲေတြကိုပါ ဖ်က္ထားၾကရပါတယ္။

==== Unicode ====

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိတဲ့ Children's National ကလေးဆေးရုံကို အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Dr. Jill Biden တို့ သွားရောက်ပြီး Christmas ပွဲတော်ကာလ ဆေးရုံတက်နေကြရတဲ့ ကလေးတွေနဲ့ မိသားစုတွေကို နှစ်သိမ့်အားပေးခဲ့ကြပါတယ်။

သမ္မတကတော် Dr. Jill Biden က ကလေးတွေကို နှင်းဝေတဲ့နေ့တနေ့လို့ အဓိပ္ပါယ်ရမယ့် "The Snowy Day" ဆိုတဲ့ ပုံပြင်စာအုပ်ကို ဖတ်ပြခဲ့ပါတယ်။

သမ္မတကလည်း ကလေးတွေနဲ့အတူ ပုံပြင်ကို နားထောင်ခဲ့သလို ပုံပြင်စာအုပ် စာမျက်နှာတချို့ကိုလည်း ဝိုင်းကူကိုင်ပေးခဲ့ပါတယ်။

ပုံမှန်အားဖြင့် အခုလို Christmas ပွဲတော်အချိန်မျိုးကို အမေရိကန်မိသားစုတွေ ပျော်ပျော်ပါးပါး ဖြတ်သန်းကြလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ သန်းနဲ့ချီတဲ့ အမေရိကန်တွေဟာ မကြုံစဖူးပြင်းထန်တဲ့ မုန်တိုင်းကြောင့် အရိုးကွဲလောက်အောင်အေးတဲ့ အအေးဒဏ်၊ နှင်းမုန်တိုင်းဒဏ်တွေကို ရင်ဆိုင်နေကြရပါတယ်။ အေးခဲလှတဲ့အချိန် တချို့နေရာတွေမှာလည်း လျှပ်စစ်မီးတွေ ပျက်နေတာကြောင့် Christmas ပွဲတွေကိုပါ ဖျက်ထားကြရပါတယ်။

XS
SM
MD
LG