သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ကလင်တန်ရဲ့ ညီလာခံမှာ ဒေါ်စု တိုက်ရိုက် စကားပြောမည်


သမ္မတဟောင်း ကလင်တန်ရဲ့ ညီလာခံမှာ ဒေါ်စု တိုက်ရိုက် စကားပြောမည်
သမ္မတဟောင်း ကလင်တန်ရဲ့ ညီလာခံမှာ ဒေါ်စု တိုက်ရိုက် စကားပြောမည်

အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative (CGI) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် စကားပြောမယ်လို့ မစ္စတာ ကလင်တန်က ပြောလိုက်ပါတယ်။

လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစု သင့်မြတ်ရေးလို အရေးကြီးတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံအကြီးအကဲတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ လူမှု ပရဟိတ အဖွဲ့အစည်းတွေ၊ ဗဟိုနဲ့ ဒေသဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေကို ဖိတ်ကြားထားပါတယ်။

ဒီအစည်းအဝေးကို ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ တိုက်တိုက်ဆိုင်ဆိုင် နယူးယောက်မြို့မှာ အင်္ဂါနေ့ စတင်မှာ ဖြစ်ပါတယ်။ ၃ ရက်ကြာ ဒီအစည်းအဝေးအတွင်း အလုပ်အကိုင် ဖန်တီးရေးဆိုင်ရာ၊ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စားသုံးမှုပုံစံ ဖြစ်ပေါ်ရေးဆိုင်ရာ၊ အမျိုးသမီးနဲ့ ကလေးတွေအတွက် အစီအစဉ်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဗုဒ္ဓဟူးနေ့မှာ စကားပြောဖို့ရှိပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ စားသုံးမှုပုံစံ ဖြစ်ပေါ်ရေးဆိုင်ရာကို ပြောဆိုပါလိမ့်မယ်။

XS
SM
MD
LG