သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာသသရုပ်ဆောင် Bill Cosby ရုံးတင်တရားစွဲခံရ


အမေရိကန် ဟာသသရုပ်ဆောင် Bill Cosby ဟာ ၂၀၀၄ ခုနှစ်က အမျိုးသမီးတဦးအပေါ်လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုတာကို ရင်ဆိုင်ဖို့ ဗုဒ္ဓဟူးနေ့က ပန်ဆယ်လ်ဗေးနီးယားပြည်နယ် တရားရုံးကို ရောက်လာခဲ့ပါတယ်။

မစ္စတာ Cosby ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ တရားစွဲဆိုလိုက်ကြောင်း မောင်ဂိုမာရီခရိုင်ရဲ့ အစိုးရရှေ့နေတွေ ကြေညာခဲ့ပါတယ်။

လက်ထောက်ခရိုင်အစိုးရရှေ့နေတဦးဖြစ်တဲ့ ကယ်ဗင် စတီး (Kevin Steele) ကလည်း - ဒါဟာ ကြီးလေးတဲ့ ရာဇဝတ်မှုဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Bill Cosby ကို ပြစ်မှုထင်ရှားတွေ့ရှိခဲ့ရင်၊ သူ့အနေနှင့် ထောင်ဒဏ် ၁၀ နှစ်အထိနဲ့ ငွေဒဏ် ဒေါ်လာ ၂ သောင်းခွဲ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

အမှုကိုတော့ Temple တက္ကသိုလ် ဝန်ထမ်းဟောင်းတဦးက တိုင်ကြားခဲ့တာဖြစ်ပြီး၊ မစ္စတာ Cosby ဟာ သူမကို ဆေးခတ်ပြီး၊ ဖီလာဒဲလ်ဖီးယားမြို့အနီး သူ့အိမ်မှာ စော်ကားခဲ့တာ ဖြစ်တဲ့အကြောင်း ရဲကို တိုင်ကြားထားတာ ဖြစ်ပါတယ်။

အစိုးရရှေ့နေရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ - မစ္စတာ Cosby က သောက်ခိုင်းတဲ့အတွက် အမျိုးသမီးဟာ - အပြာရောင် ဆေး ၃ လုံးကို ဝိုင်နဲ့ ရေနဲ့ သောက်ခဲ့ရာက၊ မတရားကျင့်ခံရတဲ့အချိန်မှာ မလှုပ်နိုင်မရှားနိုင် စကားလည်း မပြောနိုင်တော့ဘူးလို့ အဆိုပါ အမျိုးသမီးကပြောကြောင်း ဖော်ပြထားပါတယ်။

၂၀၀၅ ခုနှစ်မှာတုန်းကလည်း မစ္စတာ Cosby က သူ့ကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း စွပ်စွဲခဲ့ဖူးပေမဲ့ အဲဒီတုန်းကတော့ ရဲက အမှုဖွင့် တရားစွဲဖို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG