လာမယ့် ၂၀၃၅ ခုနှစ်လောက်မှာ ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့နိုင်ငံဆိုတာ မရှိ သလောက်ဖြစ်သွားလိမ့်မယ်လို့ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်စ်က ခန့်မှန်းလိုက်ပါတယ်။
မိုက်ကရိုဆော့ဖ်ကုမ္ပဏီရဲ့အကြီးအကဲ မစ္စတာဂိတ်စ်က သူနဲ့သူ့ဇနီး မလဲန်ဒါတို့ရဲ့ ဒီယုံကြည်ချက်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်ပေးစာမှာ တင်ပြခဲ့တာ ဖြစ်ပြီး ဒါဟာ ၁၉၆၀ နှစ်တွေအတွင်း ဖြစ်ရပ်တွေအပေါ်မှာ မူတည်ပြီး ကောက်ချက်ချခဲ့တာလို့ ပြောပါတယ်။
၁၉၆၀ နှစ်တွေတုန်းက ကမ္ဘာပေါ်မှာ သိပ်ပြီးချမ်းသာတဲ့နိုင်ငံနဲ့ သိပ်ပြီးဆင်းရဲတဲ့ နိုင်ငံပဲ ရှိခဲ့ပေမယ့် အခုခေတ်မှာတော့ ဆင်းရဲချမ်းသာကွာဟမှုဟာ သိပ်မရှိ တော့ဘူးလို့ ဆိုပါတယ်။ အဲဒီကာလကစပြီး ကမ္ဘာ့ချမ်းသာတဲ့နိုင်ငံတွေဖြစ်အောင် ပညာရေး၊ နိုင်ငံ့အခြေခံအဆောက်အအုံတွေ၊ စိုက်ပျိုးရေး၊ ဆေးပညာနဲ့ တည်ငြိမ်မှုတွေက ပံ့ပိုးပေးတဲ့နမူနာကောင်းကိုယူပြီး တခြားနိုင်ငံတွေက အလားတူ လုပ်ဆောင်လာတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဥပမာ အဲဒီအချိန်က အဆင်းရဲဆုံးလို့ပြောနိုင်တဲ့ တရုတ်နိုင်ငံဟာ နောက်ဆုံးပေါ် စက်မှုလုပ်ငန်းတွေ၊ သိပ္ပံပညာရပ်တွေ၊ ဈေးကွက်အခြေခံတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ တိုးတက်အောင်လုပ်ဆောင်ရာကနေ အခုလို ကြွယ်ဝတဲ့နိုင်ငံ အဖြစ်ကိုရောက်လာတာ ကြည့်ရင်သိနိုင်တယ်လို့ ထောက်ပြပါတယ်။
အခုအချိန်မှာ ဝင်ငွေအနည်းဆုံး ဆင်းရဲတဲ့နိုင်ငံဆိုလို့ ဆယ်နိုင်ငံတောင် မပြည့်တော့တာ တွေ့ရတဲ့အတွက် အခုလို ခန့်မှန်းနိုင်တာလို့ ဆိုပါတယ်။ စီးပွားရေးနဲ့လူမှုရေးကို အဓိကအပြောင်းအလဲတွေ ဖြစ်စေတာဟာ နည်းပညာနဲ့တီထွင်မှုလို့ယုံကြည်တဲ့ မစ္စတာဂိတ်စ်က ဒီ တီထွင်ကြံဆမှုတွေနဲ့ ဆက်လက်ပြီး တိုးတက်အောင်လုပ်ဖို့ တိုက်တွန်းထားပါတယ်။