သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် လေယာဉ် အပိုင်စီးသူ အသေဖမ်းမိ


Biman လေကြောင်းလိုင်း
Biman လေကြောင်းလိုင်း

တနင်္ဂနွေနေ့ ညနေပိုင်းက လေယာဉ်အပိုင်စီးအကြမ်းဖက်ဖို့ ကြိုးစားခဲ့တဲ့ လူတယောက်ကြောင့် ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာကနေ ယူအေအီးနိုင်ငံ ဒူဘိုင်ကို ပျံသန်းနေတဲ့လေယာဉ်ဟာ စစ်တကောင်း လေယာဉ်ကွင်းမှာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ က ပြောပါတယ်။

လေယာဉ်အပိုင်စီးဖို့ ကြိုးစားခဲ့တယ်လို့ သံသယရှိသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟာ ဘင်္ဂလားဒေ့ရှ် ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်တဲ့ သေနတ်ဒဏ်ရာနဲ့ မသေဆုံးခင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ တိုက်ရိုက်စကားပြောဆိုဖို့ တောင်းဆိုခဲ့ကြောင်း လည်း အာဏာပိုင်တွေဘက်ကပြောပါတယ်။

Biman လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ဟာ ဒူဘိုင် မြို့ကို သွားဖို့ ဒါကာမြို့ကနေ ဒေသစံတော်ချိန် ညနေ ၄နာရီ ၃၅ မိနစ်မှာ စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ မိနစ် ၄၀ ကြာ ပျံသန်းပြီးတဲ့နောက် လေယာဉ်ပေါ်မှာရှိနေတဲ့ လေယာဉ်အမှုထမ်းတဦးက လေယာဉ်မှူးကို လူတဦး လေယာဉ်အပိုင်းစီးဖို့ ကြိုးစားနေကြောင်း သတင်းပေးပို့ခဲ့ပြီးနောက် လေယာဉ်မှူးကနေ စစ်တကောင်းလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

ဘိုရင်းဂျက် ၇၃၇-၈၀၀ ပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသည်စုစုပေါင်း ၁၄၃ ဦးလုံးနဲ့ လေယာဉ်အမှုထမ်း ၇ ဦးလုံးကတော့ လေယာဉ်ပေါ်ကနေ ဘေးကင်းစွာနဲ့ အောက်ကို ဆင်းလာနိုင်ခဲ့ပါတယ်။

လေယာဉ်အပိုင်စီးသူကို လက်နက်ချဖို့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက အမိန့်ပေးချိန်မှာ သေနတ်နဲ့ ပြန်ပြီး ပစ်ခတ်တာကြောင့် ကွန်မန်ဒိုဘက်က အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း

ဘင်္ဂလားဒေ့ရှ်စစ်တပ် တာဝန်ရှိသူတဦးကပြောပါတယ်။ ဒါပေမယ့်လို့ ဘယ်နေရာမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့သလဲဆိုတာကိုတော့ အဲဒီစစ်အရာရှိက ပြောမသွားခဲ့ပါဘူး။

လေယာဉ်အပိုင်စီးသူလို့ သံသယဖြစ်ခံရသူ သေဆုံးသွားပြီလို့ တာဝန်ရှိသူတွေဘက်က မကြေညာခင် ဒီလူဟာ အကြမ်းဖက်သမားတဦးဖြစ်ပြီး သူဟာ စုံစမ်းစစ်ဆေးဖို့ ဖမ်းဆီးခံရဖူးတဲ့ နောက်ကြောင်းရှိခဲ့သူတဦးဖြစ်တယ်လို့ သတင်းဌာနတွေကို အာဏာပိုင်တွေက အတည်ပြုပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG