သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

​BIMSTEC အဖြဲ႔လုပ္ငန္း အသုံးစရိတ္ အိႏၵိယက ေဒၚလာ တသန္းထည့္ဝင္မည္


သီရိလကၤကာႏိုင္ငံ၊ ကိုလံဘိုၿမိဳ႕မွာ ၃ ရက္ၾကာက်င္းပေနတဲ့ (BIMSTEC) အစည္းအေဝးမွာ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi က အြန္လိုင္းကေန တက္ေရာက္ေျပာၾကားစဥ္။ (မတ္လ ၃၀၊ ၂၀၂၂) 

[[Zawgyi/Unicode]]

BIMSTEC အဖြဲ႔ရဲ႕ လုပ္ငန္းလည္ပတ္မႈ အသံုးစရိတ္ တိုးျမႇင့္ဖို႔အတြက္ အိႏိၵယႏုိင္ငံက ေဒၚလာ ၁ သန္း ေထာက္ပံ့မယ္လုိ႔ ဝန္ႀကီးခ်ဳပ္ Narendra Modi က ဒီကေန႔ ေၾကညာပါတယ္။

“BIMSTEC အတြင္းေရးမွဴး႐ံုး လုပ္ငန္းလည္ပတ္စရိတ္ တိုးျမႇင့္ဖို႔အတြက္ အိႏိၵယႏုိင္ငံက အေမရိကန္ေဒၚလာ ၁ သန္း ေထာက္ပံ့ ပါမယ္။ က်ေနာ္တို႔ၾကားမွာ ကုန္သြယ္မႈတုိးျမႇင့္ႏုိင္ေရး BIMSTEC လြတ္လပ္စြာကုန္သြယ္ေရး သေဘာတူညီခ်က္ အေကာင္အထည္ေဖာ္မႈပိုင္းမွာ ခပ္ျမန္ျမန္ တိုးတက္မႈရဖို႔ အေရးႀကီးပါတယ္” လို႔ ဝန္ႀကီးခ်ဳပ္ Modi ကေျပာပါတယ္။

ျမန္မာႏုိင္ငံအပါအဝင္ အဖြဲ႔ဝင္ ၇ ႏုိင္ငံရွိတဲ့ ဘဂၤလားပင္လယ္ေအာ္ေဒသႏိုင္ငံမ်ား နည္းပညာနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ BIMSTEC အဖြဲ႔အစည္းအေဝးကို လက္ရွိအလွည့္က်ဥကၠ႒ သီရိလကၤာႏုိ္င္ငံက အိမ္ရွင္အျဖစ္ ကိုလြမ္ဘိုၿမိဳ႕ေတာ္မွာ သံုးရက္ၾကာ လက္ခံက်င္းပခဲ့တာျဖစ္ၿပီး စစ္ေကာင္စီခန္႔ ႏုိင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္က အြန္လိုင္းကတဆင့္ ပါဝင္တက္ေရာက္ပါ တယ္။ စစ္ေကာင္စီကို ဒီအစည္းအေဝးမဖိတ္ဖို႔ ျမန္မာနဲ႔အိႏိၵယ အရပ္ဘက္အဖြဲ႔ေတြက ေတာင္းဆိုခဲ့ၾကေပမယ့္လည္း မေအာင္ ျမင္ခဲ့ပါဘူး။

ဒီကေန႔ အစည္းအေဝးအဆံုးသတ္ ထုတ္ျပန္တဲ့ ပူးတြဲေၾကညာခ်က္ထဲမွာ အဖြဲ႔ဝင္ႏုိ္င္ငံတခုျဖစ္တဲ့ ျမန္မာႏုိ္င္ငံမွာ စစ္အာဏာသိမ္း မႈေနာက္ဆက္တြဲျဖစ္ေပၚေနတ့ဲ ႏိုင္ငံေရးအက်ပ္အတည္းနဲ႔ ပတ္သက္လုိ႔ ဘာမွ ထည့္သြင္းေျပာဆိုထားတာ မေတြ႔ရပါဘူး။

ဆင္းရဲမြဲေတမႈ၊ သဘာဝေဘးရန္၊ ဥတုရာသီေျပာင္းလဲမႈ၊ ကပ္ေရာဂါေတြနဲ႔ ႏုိင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈခင္းေတြကို တိုက္ဖ်က္ေရး အဖြဲ႔ဝင္ႏုိင္ငံေတြ ပူးေပါင္း လုပ္ေဆာင္သြားၾကမယ္လုိ႔ ေၾကညာခ်က္ထဲမွာ ေျပာထားတဲ့အေၾကာင္း ေအပီသတင္းမွာ ေရးထားပါတယ္။ ဒီအစည္းအေဝးၿပီးတဲ့ေနာက္ အလွည့္က်ဥကၠ႒ကေတာ့ ထုိင္းႏုိင္ငံျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

BIMSTEC အဖွဲ့လုပ်ငန်း အသုံးစရိတ် အိန္ဒိယက ဒေါ်လာ တသန်းထည့်ဝင်မည်

BIMSTEC အဖွဲ့ရဲ့ လုပ်ငန်းလည်ပတ်မှု အသုံးစရိတ် တိုးမြှင့်ဖို့အတွက် အိန္ဒိယနိုင်ငံက ဒေါ်လာ ၁ သန်း ထောက်ပံ့မယ်လို့ ဝန်ကြီးချုပ် Narendra Modi က ဒီကနေ့ ကြေညာပါတယ်။

“BIMSTEC အတွင်းရေးမှူးရုံး လုပ်ငန်းလည်ပတ်စရိတ် တိုးမြှင့်ဖို့အတွက် အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့ ပါမယ်။ ကျနော်တို့ကြားမှာ ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး BIMSTEC လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် အကောင်အထည်ဖော်မှုပိုင်းမှာ ခပ်မြန်မြန် တိုးတက်မှုရဖို့ အရေးကြီးပါတယ်” လို့ ဝန်ကြီးချုပ် Modi ကပြောပါတယ်။

မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင် ၇ နိုင်ငံရှိတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အဖွဲ့အစည်းအဝေးကို လက်ရှိအလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ် ကိုလွမ်ဘိုမြို့တော်မှာ သုံးရက်ကြာ လက်ခံကျင်းပခဲ့တာဖြစ်ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အွန်လိုင်းကတဆင့် ပါဝင်တက်ရောက်ပါ တယ်။ စစ်ကောင်စီကို ဒီအစည်းအဝေးမဖိတ်ဖို့ မြန်မာနဲ့အိန္ဒိယ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုခဲ့ကြပေမယ့်လည်း မအောင် မြင်ခဲ့ပါဘူး။

ဒီကနေ့ အစည်းအဝေးအဆုံးသတ် ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း မှုနောက်ဆက်တွဲဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ပတ်သက်လို့ ဘာမှ ထည့်သွင်းပြောဆိုထားတာ မတွေ့ရပါဘူး။

ဆင်းရဲမွဲတေမှု၊ သဘာဝဘေးရန်၊ ဥတုရာသီပြောင်းလဲမှု၊ ကပ်ရောဂါတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းတွေကို တိုက်ဖျက်ရေး အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်း လုပ်ဆောင်သွားကြမယ်လို့ ကြေညာချက်ထဲမှာ ပြောထားတဲ့အကြောင်း အေပီသတင်းမှာ ရေးထားပါတယ်။ ဒီအစည်းအဝေးပြီးတဲ့နောက် အလှည့်ကျဥက္ကဋ္ဌကတော့ ထိုင်းနိုင်ငံဖြစ်ပါတယ်။

=============

XS
SM
MD
LG