သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BIMSTEC ညီလာခံ အိန္ဒိယမှာစတင်

BIMSTEC အစည်းအဝေးကျင်းပနေစဉ် (ဓါတ်ပုံ- BIMSTEC)
BIMSTEC အစည်းအဝေးကျင်းပနေစဉ် (ဓါတ်ပုံ- BIMSTEC)

ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲတွေရဲ့ အစည်းအဝေးကို မတ်လ ၂၁ ရက် အင်္ဂါနေ့မှာ အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ ်လက်ခံကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း တက်ရောက်ခဲ့ပါတယ်။

၂၀၁၆ အောက်တိုဘာလ ၁၆ ရက်နေ့က အိန္ဒိယ နိုင်ငံ Goa မြို့မှာ ကျင်းပတဲ့ ညီလာခံကနေ အခုလို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေ တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ အစည်းအဝေး ဥက္ကဌအဖြစ် အိန္ဒိယနိုင်ငံက အမျိုးသားလုံခြုံရေး အကြံပေး Shri Ajit Doval က ဆောင်ရွက်ပြီး BIMSTEC အထွေထွေ အတွင်းရေးမှုးချုပ် Sumith Nakandala နဲ့ အတူ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံက လုံခြုံရေး၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေလည်း တက်ရောက် ခဲ့ကြတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလား ပင်လယ်အော်ဒေသတွင်း နိုင်ငံတွေမှာ တူညီတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကနေ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အကြီးအကျယ် အခြိမ်းခြောက်ခံနေရတာ ဖြစ်ပြီး ဒါဟာ ဒေသတွင်း လုံခြုံရေးအပြင် စီးပွါးရေးဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေတာမို့ ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အရေးတကြီး ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေ မပျံ့နှံ့အောင် ကာကွယ် တားဆီးရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ အစည်းဝေးမှာ သဘောတူညီခဲ့ကြပါတယ်။

နယ်မြေကျော်ဖြတ်ဖြစ်ပွါးတဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုဆိုင်ရာ အချက်လက်တွေကို အဖွဲ့ဝင်နိုင်ငံတွေကြား မျှဝေဖို့ အပြင် အဖွဲ့ဝင် နိုင်ငံတွေကြား လုံခြုံရေး ဆိုင်ရာ အသိပိုလာစေဖို့ Track 1.5 BIMSTEC လုံခြုံရေးဆွေးနွေးပွဲ ဖိုရမ်အဖွဲ့ကို ထူထောင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ လာမယ့်နှစ် အစည်းဝေးကိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။

BIMSTEC ညီလာခံ အိန္ဒိယမှာစတင်
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG