သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် အိမ်က သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းများ


အသက်အသေခံ တိုက်ချင်သလား၊ Jihad လမ်းစဉ်ကို ဘယ်လို အကောင်အထည်ဖော်ချင်သလဲ၊ သူရဲကောင်းအဖြစ် သေဆုံးသွားရင် ဘယ်သူ့ကို ဆက်သွယ်ရမလဲ၊ မိသားစုနဲ့ မိတ်ဆွေတွေထဲမှာ အစိုးရဝန်ထမ်း ရှိသလား၊ တကယ်လို့ရှိခဲ့ရင် သူတို့က ငါတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်နိုင်မလား - စတဲ့ မေးခွန်းတွေဟာ al-Qaida ဆီမှာ အလုပ်လျှောက်ရင် ဖြေဆိုရမယ့် မေးခွန်းတချို့ ဖြစ်ပါတယ်။

ဒီမေးခွန်းတွေဟာ ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံက Navy SEAL အထူးတပ်ဖွဲ့ဝင်တွေ ပါကစ္စတန်နိုင်ငံ အတွင်းမှာရှိတဲ့ Osama bin Laden ရဲ့ နေအိမ်ကို ဝင်ရောက် စီးနှင်း တိုက်ခိုက်စဉ် သိမ်းဆည်း ရမိခဲ့တဲ့ ထောင်နဲ့ချီတဲ့ အထောက်အထားတွေထဲက တချို့ပဲ ဖြစ်ပါတယ်။ ဘင်လာဒင် ကတော့ အဲဒီ စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ အထောက်အထားတွေထဲ ဘင်လာဒင်ရဲ့သား Hamza က သူ့ထံကို ရေးထားတဲ့ ပုဂ္ဂိုလ်ရေးစာတွေ၊ အမေရိကန်လူမျိုးတွေကို သတ်ဖြတ်ဖို့နဲ့ အနောက်အုပ်စု ကျဆုံးရေး လုပ်ဆောင်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ကြေညာချက်တွေလည်း ပါဝင်ပါတယ်။ ဒီကနေ့ လုပ်ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ မူဂျာဟစ်ဒင် စစ်ဆင်ရေးဟာ၊ ဆယ်ဂဏန်း၊ ရာဂဏန်းကနေ ထောင်နဲ့ချီတဲ့ မိစ္ဆာ အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်ပစ်ဖို့၊ အနောက်အုပ်စု မဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေမှာ သွားရောက်ပြီး တွေ့တဲ့နေရာမှာ သုတ်သင် ရှင်းလင်းပစ်ဖို့ ဖြစ်တယ်လို့ ဘင်လာဒင်အိမ်မှာတွေ့တဲ့ စာတစောင်မှာ ရေးထားပါတယ်။

အာရပ်ကမ္ဘာမှာ ဖြစ်ပေါ်ခဲ့တဲ့ တော်လှန်ရေးတွေနဲ့ ချီတက် ဆန္ဒပြပွဲတွေကို သူ့အနေနဲ့ ကြိုဆိုကြောင်းလည်း သူ့ရဲ့လက်ထောက်တဦးဖြစ်သူ Sheikh Hahmud Atiyah ထံကို ရေးသားတဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG