သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် ဆွေမျိုးတချို့ လေယာဉ်ပျက်ကျသေဆုံး


အယ်လ်ကိုင်းဒါးခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင်ရဲ့ ဆွေမျိုးတွေ လိုက်ပါသွားတဲ့ လေယာဉ်ပျက်ကျသွားတဲ့နေရာမှာ မီးသတ်ကားနဲ့ ရဲကားတွေကို တွေ့ရစဉ်။ (သြဂုတ် ၁၊ ၂၀၁၅)
အယ်လ်ကိုင်းဒါးခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင်ရဲ့ ဆွေမျိုးတွေ လိုက်ပါသွားတဲ့ လေယာဉ်ပျက်ကျသွားတဲ့နေရာမှာ မီးသတ်ကားနဲ့ ရဲကားတွေကို တွေ့ရစဉ်။ (သြဂုတ် ၁၊ ၂၀၁၅)

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်နားမှာ ပုဂ္ဂလိကပိုင်လေယာဉ်တစင်း သောကြာနေ့ကပျက်ကျလို့ သေဆုံးသွားသူလေးဦးထဲမှာ အယ်လ်ကိုင်းဒါး အဖွဲ့ခေါင်းဆောင်ဟောင်း အိုစမာ ဘင်လာဒင်ရဲ့ မိသားစုဝင်တွေလည်းပါတယ်လို့ ဆော်ဒီ အာရေးဘီးယား သံအမတ်က ပြောပါတယ်။

ခရီးသည်သုံးဦးဟာ ဘင်လာဒင်ရဲ့ဆွေမျိုးတွေဖြစ်တယ်လို့ ဗြိတိသျှနဲ့ ဆော်ဒီသတင်းဌာနတွေက ဖော်ပြပါတယ်။ လေယာဉ်မှူးလည်း သေဆုံးပါတယ်။ သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြဘဲ ဗြိတိန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီးက သံရုံးရဲ့တရားဝင် Twitter စာမျက်နှာကနေ ဘင်လာဒင်မိသားစုကို ဝမ်းနည်းကြောင်းပြောထားပါတယ်။

ဂျက်လေယာဉ်ငယ်ဟာ လန်ဒန်မြို့တော် အနောက်တောင်ဘက် ၆၅ ကီလိုမီတာအကွာက Blackbushe လေဆိပ်မှာဆင်းဖို့ ကြိုးစားရင်း ကားလေလံတင်ရောင်းချပွဲတခု လုပ်နေတဲ့နားက ကားရပ်နားရာနေရာမှာ ပျက်ကျပြီးတော့ မီးလောင်သွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ လေယာဉ်ဟာ အီတလီနိုင်ငံ၊ မီလန်မြို့၊ Malpensa လေဆိပ်ကနေ ထွက်သွားတာပါ။

မြေပြင်ပေါ်မှာတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ရဲတပ်ဖွဲ့နဲ့ လေကြောင်း မတော်တဆဖြစ်ရပ်များ စုံစမ်းစစ်ဆေးရေးဌာနတို့ ပူးတွဲပြီးတော့ အခင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

XS
SM
MD
LG