သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် ထောက်ခံသူတွေ ပါကစ္စတန်မှာ ဆန္ဒပြ


Al-Qaida ခေါင်းဆောင် အိုစာမား ဘင်လာဒင် သေဆုံးခဲ့ရတာ တနှစ်ပြည့်တဲ့ အထိမ်းအမှတ်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ ရာနဲ့ချီတဲ့ ပါကစ္စတန် နိုင်ငံသားတွေဟာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ် မေလ ၂ရက်နေ့က ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစာမာဘင် လာဒင် သေဆုံးခဲ့ရတဲ့ နေအိမ်ခြံဝင်းကို ဖြိုဖျက်ရှင်းလင်းမှုတွေ လုပ်ခဲ့ပေမယ့် အမေရိကန် တပ်တွေ ပါကစ္စတန် နိုင်ငံထဲ ဝင်ရောက်ပြီး အယ်လ်ကိုင်ဒါ ခေါင်းဆောင်ကို သုတ်သင် ရှင်းလင်းခဲ့တဲ့
ပြဿနာကတော့ အခုထိကျန်နေဆဲ ဖြစ်ပါတယ်။

အခုလို ဝင်ရောက်ရှင်းလင်း မယ့် အစီအစဉ်နဲ့ ပါတ်သက်ပြီး ပါကစ္စတန် စစ်တပ်ကို ဘာသတင်း အချက်အလက်မှ ကြိုတင်အသိမပေးတာနဲ့ ပါတ်သက်ပြီး ပါကစ္စတန် အစိုးရက ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ အခုလို အမေရိကန်ဘက်က အသိမပေးပဲ လုပ်ဆောင်ခဲ့ပေမယ့် ဘင်လာဒင်ကို ဖမ်းဆီးနိုင်ဖို့ နှစ်ပေါင်းကြာမြင့်စွာ အမေရိကန်နဲ့ ပါကစ္စတန်တို့ ၂နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

ဒါပေမယ့် အမေရိကန်ဘက်ကတော့ အယ်လ်ကိုင်ဒါ ခေါင်းဆောင်ကို သူတို့ ဖမ်းဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်သွားရင် သူတို့ရဲ့ အစီအစဉ် ပျက်သွားမှာ စိုးရိမ်တဲ့အတွက် အခုလိုလုပ်ခဲ့တာပါ။

ပါကစ္စတန် အရာရှိတွေ ဘက်ကလည်း အခုထိ သူတို့ရဲ့ ထိပ်တန်း စစ်တပ်ဝင်းတခုနားမှာ ဘင်လာဒင် သူ့မိသားစုနဲ့အတူ နေထိုင်မှန်း မသိခဲ့တာနဲ့ ပါတ်သက်ပြီး ရှင်းလင်းချက် တစုံတရာ မပေးခဲ့ပါဘူး။

XS
SM
MD
LG