သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင်ရဲ့ အိမ်ခြံဝန်းကို ဖြိုချ ဖျက်ဆီး


ဘင်လာဒင်ရဲ့ အိမ်ခြံဝန်းကို ဖြိုချ ဖျက်ဆီး
ဘင်လာဒင်ရဲ့ အိမ်ခြံဝန်းကို ဖြိုချ ဖျက်ဆီး

ပါကစ္စတန်နိုင်ငံ Abbottabad မြို့က အယ်လ်ခိုင်းဒါး ခေါင်းဆောင် ဘင်လာဒင် နောက်ဆုံးနေခဲ့တဲ့ အိမ်ကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက စတင် ဖြိုချနေပြီလို့ ပါကစ္စတန်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။ အဲဒီအိမ်ဟာ အမေရိကန် အထူးတပ်ဖွဲ့တွေ ပြီးခဲ့တဲ့နှစ် မေလတုန်းက ဝင်ရောက် မသုတ်သင်ခင် ဘင်လာဒင် နောက်ဆုံးနေခဲ့တဲ့အိမ် ဖြစ်ပါတယ်။

လုံခြုံရေးတွေ အတင်းအကျပ်ချထားတဲ့ အဲဒီအိမ်ကို ပါကစ္စတန်အစိုးရက စနေနေ့မှာ ယန္တယား အကြီးကြီးတွေ ပို့ပြီး ဖြိုချနေတာလို့ မြို့ခံတွေက ပြောပါတယ်။ ဒီအိမ်ကို ဘာကြောင့် ဖြိုချပစ်တယ်ဆိုတဲ့ အကြောင်းပြချက်တော့ အစိုးရဘက်က မပေးပါဘူး။

ဘင်လာဒင် နေခဲ့တဲ့ အဲဒီ ၃ ထပ်အိမ်ကို ကာထားတဲ့ တံတိုင်းတွေကို ပါကစ္စတန်စစ်တပ် အင်ဂျင်နီယာတပ်ဖွဲ့က ဖြိုချနေပြီး အရပ်သား ဆောက်လုပ်ရေး ပညာရှင်တွေက ကြီးကြပ် ကွပ်ကဲနေတယ်လို့ ဒေသခံ သတင်းထောက်တစ်ဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

၂၀၁၁ ခုနှစ် မေလတုန်းက အမေရိကန် အထူးတပ်ဖွဲ့တွေ အဲဒီအိမ်ထဲ ဝင်စီးပြီး ဘင်လာဒင်ကို သုတ်သင်လိုက်ပြီးတဲ့နောက် ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘဲ အဲဒီအိမ်ကို စစ်တပ်က အစောင့်အကြပ်တွေ တင်းကျပ်စွာ ချထားခဲ့တာပါ။

အမေရိကန်တို့ အဲဒီလို ဝင်ရောက်တိုက်ခိုက်မယ့် အစီအစဉ်ကို ကြိုတင် သိရှိခြင်းမရှိတဲ့အတွက် ပါကစ္စတန် အစိုးရအတွက် အရှက်ရစရာ ဖြစ်စေခဲ့ပါတယ်။

XS
SM
MD
LG