သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9-11 ၁၀ နှစ်ပြည့် အကြမ်းဖက် တိုက်ခိုက်ရေး ဘင်လာဒင် ကြံစည်ခဲ့


9-11 ၁၀ နှစ်ပြည့် အကြမ်းဖက် တိုက်ခိုက်ရေး ဘင်လာဒင် ကြံစည်ခဲ့
9-11 ၁၀ နှစ်ပြည့် အကြမ်းဖက် တိုက်ခိုက်ရေး ဘင်လာဒင် ကြံစည်ခဲ့

လာမယ့် စက်တင်ဘာ ၁၁ ရက် အမေရိကန် ပြည်ထောင်စုအတွင်း အယ်လ်ခိုင်းဒါး (al-Qaida) အဖွဲ့ရဲ့ တိုက်ခိုက်ခဲ့မှု ၁၀ နှစ်မြောက်နေ့မှာ အမေရိကန် ပြည်ထောင်စုကို ထပ်ပြီး တိုက်ခိုက်ဖို့ အယ်လ်ခိုင်းဒါး အဖွဲ့က စဉ်းစား သုံးသပ်နေတဲ့ အထောက်အထားတွေကို ဘင်လာဒင် နေထိုင်ခဲ့တဲ့ အိမ်ခြံဝင်းထဲက ယူဆောင်လာခဲ့တဲ့ စာရွက်စာတမ်းတွေ ပဏာမ စစ်ဆေးရာမှာ တွေ့ရှိခဲ့ရတယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက မေလ ၅ ရက်နေ့မှာ ကွန်မန်ဒိုတွေ သိမ်းပိုက် ရယူခဲ့တဲ့ စာရွက် စာတမ်းတွေကို စတင် စစ်ဆေးခဲ့ရာမှာ အဲဒီလို အထောက်အထားတွေကို တွေ့ရှိရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်က တိုက်ပွဲဝင် အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းရေးနဲ့ အရှိန်မြှင့် ဆောင်ရွက်မယ့် အစီအစဉ်တွေ ရေးဆွဲဖို့ကိုလည်း သမ္မတ အိုဘားမားနဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့ကို အမေရိကန် ကွန်ဂရက်စ်ရဲ့ နှစ်ပါတီ ပူးတွဲ ဥပဒေပြု အောက်လွှတ်တော် အမတ်တွေက မေလ ၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

အခုအခါမှာ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရတဲ့ အဓိက ရည်ရွယ်ချက်က ပြီးပြည့်စုံသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG