သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် ဇနီး ၃ ဦးကို အမေရိကန်က စစ်ဆေးမေးမြန်းခွင့် ရမည်


ဘင်လာဒင် ဇနီး ၃ ဦးကို အမေရိကန်က စစ်ဆေးမေးမြန်းခွင့် ရမည်
ဘင်လာဒင် ဇနီး ၃ ဦးကို အမေရိကန်က စစ်ဆေးမေးမြန်းခွင့် ရမည်

အယ်လ်ခိုင်းဒါး (Al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) အသေဖမ်းမိစဉ်မှာ အတူရှိနေခဲ့တဲ့ သူ့ဇနီး ၃ ယောက်ကို အမေရိကန်က စစ်ဆေးမေးမြန်းနိုင်ဖို့ ပါကစ္စတန်က မကြာမီ တွေ့ခွင့်ပေးတော့မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

မေလ ၂ ရက်နေ့ အိုစမာ ဘင်လာဒင် အသေဖမ်းမိတဲ့ နေ့ကတည်းက ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ကနေ အဲဒီ အမျိုးသမီး ၃ ယောက်ကို ထိန်းသိမ်းခဲ့တာပါ။ သူတို့နဲ့ တွေ့ဆုံ မေးမြန်းတာတွေနဲ့ အဘော့တာဘတ် (Abbottabad) နေအိမ်ကနေ သိမ်းလာခဲ့တဲ့ အထောက်အထားတွေကနေ အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့ရဲ့ အရေးပါတဲ့ အသေးစိတ် အချက်အလက်တွေကို သိရှိနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။

အိုစမာ ဘင်လာဒင်ရဲ့ ဇနီး ၃ ယောက်နဲ့ တွေ့ခွင့်ပေးရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ အိမ်ဖြူတော်ကရော ပါကစ္စတန် တာဝန်ရှိသူတွေကပါ လူသိရှင်ကြား မှတ်ချက်ပေးတာ မရှိပါဘူး။

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အကြီးအကဲရဲ့ နာမည်ကို ပါကစ္စတန် သတင်းမီဒီယာတွေက ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ CIA အနေနဲ့ သူတို့ရဲ့ တာဝန်ခံ အရာရှိကို ရာထူးနေရာ အပြောင်းအရွှေ့ လုပ်မှာ မဟုတ်ဘူးလို့ မနေ့က ပြောလိုက်ပါတယ်။

ပါကစ္စတန် သတင်းမီဒီယာတွေက ထုတ်ဖော်လိုက်တဲ့ နာမည် မှားနေကြောင်း၊ အိုစမာ ဘင်လာဒင်တယောက် ပါကစ္စတန်နိုင်ငံမှာ နှစ်တွေနဲ့ချီ ခိုအောင်းနေတာနဲ့ ပတ်သက်ပြီး ပါကစ္စတန် စစ်တပ်နဲ့ ထောက်လှမ်းရေးအပေါ် မေးခွန်းထုတ်ခံနေရတာကြောင့် ထောက်လှမ်းရေး သဘာဝအရ လျှို့ဝှက်ထားရမယ့် CIA အရာရှိ နာမည်ကို ဖော်ထုတ်ပြီး တုံ့ပြန်လိုက်ပုံ ရတယ်လို့ အမေရိကန် အရာရှိတွေက ပြောကြပါတယ်။

XS
SM
MD
LG