သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် လက်နက်မရှိစဉ် ပစ်သတ်ခံရ

Համաշխարհային առևտրի կենտրոնի թիվ 1 շենքի պատկերներ
Համաշխարհային առևտրի կենտրոնի թիվ 1 շենքի պատկերներ

အမေရိကန် အထူးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးခဲ့ရတဲ့ အချိန်မှာ ဘင်လာဒင်ဆီမှာ လက်နက်ရှိမနေခဲ့ဘူးလို့ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

သူ့ဆီမှာ လက်နက်မရှိပေမဲ့လည်း အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေကို ပြန်ပြီး ခုခံခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေ ကာနီ (Jay Carney) က သတင်းထောက်တွေကို မနေ့က ပြောခဲ့တာပါ။ ဖြစ်ပျက်ပုံ အသေးစိတ်ကိုတော့ သူက ရှင်းမပြပါဘူး။

ဘင်လာဒင်ဟာ ဦးခေါင်းနဲ့ ရင်ဘတ်ကို အပစ်ခံခဲ့ရတာပါ။ ဝင်ရောက်စီးနင်းစဉ်မှာ ဘင်လာဒင်ရဲ့ ဇနီးတဦးက အထူးတပ်ဖွဲ့ဝင်တွေဘက်ကို ရုတ်တရက် ပြေးလာတာကြောင့် သူ့ရဲ့ခြေထောက်ကို သေနတ်ထိမှန်သွားခဲ့ပါတယ်။ ဒါပေမဲ့ မသေဆုံးခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစီးနင်းမှုနဲ့ ပတ်သက်တဲ့ ရုပ်ပုံတွေကို လူအများသိအောင် ထုတ်ပြန်သင့်၊ မပြန်သင့် ဆိုတဲ့ကိစ္စ အမေရိကန် ဘက်က စဉ်းစားနေပါတယ်။

ဘင်လာဒင် ရှိနေခဲ့တဲ့ အဆောက်အဦး ခြံဝင်းထဲမှာ တွေ့ရှိခဲ့တဲ့ သက်သေ အထောက်အထားနဲ့ သတင်း အချက်အလက်တွေကနေ တဆင့် တခြား အရေးပါတဲ့ ပစ်မှတ်တွေရဲ့ အကြောင်းကို သိနိုင်ဖို့နဲ့ ဘင်လာဒင် ပါကစ္စတန်နိုင်ငံမှာ အချိန်ကြာကြာ နေခွင့်ရခဲ့တာ ဘာကြောင့်လဲ ဆိုတာတွေကို ဆက်ပြီး သိလာလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေ ကာနီက သတင်းထောက်တွေကို ပြောပါတယ်။

This item is part of
XS
SM
MD
LG