သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဇီဝမ်ိဳးကြဲကာကြယ္ေရး ကုလထိပ္သီးေဆြးေႏြးပြဲ တ႐ုတ္လက္ခံက်င္းပ


တ႐ုတ္ႏုိင္ငံမွာလက္ခံက်င္းပတဲ့ ဇီဝမ်ိဳးကြဲကာကြယ္ေရး ကုလထိပ္သီးေဆြးေႏြးပြဲ

{Zawgyi/Unicode}

တ႐ုတ္ႏိုင္ငံမွာ ကုလသမဂၢရဲ႕ဇီဝမ်ိဴးကြဲကာကြယ္ေရး ထိပ္သီးေဆြးေႏြးတရပ္ျပဳလုပ္ခဲ့ၿပီး ႏိုင္ငံေတြအေနနဲ႔ ဥတုရာသီညီလာခံ COP26 မတိုင္မီ ေလထုညစ္ညမ္းမႈေတြ ေလွ်ာ့ခ်ဖို႔နဲ႔ မ်ိဳးသုဥ္းေပ်ာက္ကြယ္မႈေတြအေပၚ တားဆီးၾကဖို႔ ေဆြးေႏြးၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း သမၼတေဟာင္း ထရမ့္ပ္အစိုးရက ဥတုရာသီေျပာင္းလဲမႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ စာခ်ဳပ္ေတြက ႏုတ္ထြက္ၿပီးေနာက္ပိုင္း ကမာၻ႔ညစ္ညမ္းဓာတ္ေငြ႔အထုတ္လုပ္ဆုံး တ႐ုတ္ႏိုင္ငံက ဥတုရာသီေျပာင္းလဲမႈမွာ ကမာၻ႔ေခါင္းေဆာင္မႈအခန္းက႑ကို ရယူဖို႔ႀကိဳးစားလာတာျဖစ္ပါတယ္။

ေခါင္းေဆာင္ေတြရဲ႕ မ်တ္ႏွာခ်င္းဆိုင္ေတြ႔ဆုံမႈကို လာမယ့္ ဧၿပီလမွာ စတင္မွာျဖစ္ၿပီး ၂၀၃၀ မွာ ကမာၻ႔ေဂဟစနစ္ကို ကာကြယ္ဖို႔ ပလတ္စတစ္စြန္႔ပစ္မႈကို ၃၀ ရာခိုင္ႏႈန္းေလွ်ာ့ခ်ဖို႔ေဆြးေႏြးၾကမွာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ေတာ့ အဆိုပါ 30 by 30 စီမံခ်က္အေပၚ ကတိေပးထားတာမ်ိဳးမရွိေသးပါဘူး။

လူသားေတြရဲ႕ က်ဴးေက်ာ္ထိပါးမႈ၊ အလြန္အမင္း ထုတ္ယူသုံးစြဲမႈ၊ မလိုအပ္တဲ့ မ်ိဳးကြဲေတြရဲ႕ ေပါက္ပြားလာမႈနဲ႔ ဥတုရာသီ ေျပာင္းလဲမႈတို႔ေၾကာင့္ တိရစာၦန္နဲ႔အပင္မ်ိဳးကြဲ တသန္းဝန္းက်င္ေလာက္ဟာ မ်ိဳးသုဥ္းေပ်ာက္ကြယ္မယ့္ေဘးနဲ႔ရင္ဆိုင္ေနရတာပါ။

တ႐ုတ္ႏိုင္ငံကေတာ့ အထူးဦးစားေပးအေနနဲ႔ ထိန္းခ်ဳပ္ဧရိယာေတြ၊ အမ်ိဳးသားဥယ်ာဥ္ေတြ ထူေထာင္ၿပီး ဇီဝမ်ိဳးကြဲေတြကို ကာကြယ္မယ္လို႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ထုတ္ေဖာ္ေျပာဆိုပါတယ္။

ဥတုရာသီေျပာင္းလဲမႈနဲ႔ပတ္သက္ၿပီး လာမယ့္ ဆယ္စုႏွစ္ေတြအတြင္း တိတိက်က် ပစ္မွတ္ထားတဲ့ အေရးေပၚလုပ္ေဆာင္ခ်က္ေတြလုပ္ေဆာင္ၾကေရး ျပတ္သားမႈေတြကေတာ့ က်န္ရွိေနဆဲျဖစ္ပါတယ္ ခင္ဗ်ာ။

-------------

{Unicode}


ဇီဝမျိုးကွဲကာကွယ်ရေး ကုလထိပ်သီးဆွေးနွေးပွဲ တရုတ်လက်ခံကျင်းပ

တရုတ်နိုင်ငံမှာ ကုလသမဂ္ဂရဲ့ဇီဝမျိူးကွဲကာကွယ်ရေး ထိပ်သီးဆွေးနွေးတရပ်ပြုလုပ်ခဲ့ပြီး နိုင်ငံတွေအနေနဲ့ ဥတုရာသီညီလာခံ COP26 မတိုင်မီ လေထုညစ်ညမ်းမှုတွေ လျှော့ချဖို့နဲ့ မျိုးသုဉ်းပျောက်ကွယ်မှုတွေအပေါ် တားဆီးကြဖို့ ဆွေးနွေးကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း သမ္မတဟောင်း ထရမ့်ပ်အစိုးရက ဥတုရာသီပြောင်းလဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ စာချုပ်တွေက နုတ်ထွက်ပြီးနောက်ပိုင်း ကမ္ဘာ့ညစ်ညမ်းဓာတ်ငွေ့အထုတ်လုပ်ဆုံး တရုတ်နိုင်ငံက ဥတုရာသီပြောင်းလဲမှုမှာ ကမ္ဘာ့ခေါင်းဆောင်မှုအခန်းကဏ္ဍကို ရယူဖို့ကြိုးစားလာတာဖြစ်ပါတယ်။

ခေါင်းဆောင်တွေရဲ့ မျတ်နှာချင်းဆိုင်တွေ့ဆုံမှုကို လာမယ့် ဧပြီလမှာ စတင်မှာဖြစ်ပြီး ၂၀၃၀ မှာ ကမ္ဘာ့ဂေဟစနစ်ကို ကာကွယ်ဖို့ ပလတ်စတစ်စွန့်ပစ်မှုကို ၃၀ ရာခိုင်နှုန်းလျှော့ချဖို့ဆွေးနွေးကြမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့တော့ အဆိုပါ 30 by 30 စီမံချက်အပေါ် ကတိပေးထားတာမျိုးမရှိသေးပါဘူး။

လူသားတွေရဲ့ ကျူးကျော်ထိပါးမှု၊ အလွန်အမင်း ထုတ်ယူသုံးစွဲမှု၊ မလိုအပ်တဲ့ မျိုးကွဲတွေရဲ့ ပေါက်ပွားလာမှုနဲ့ ဥတုရာသီ ပြောင်းလဲမှုတို့ကြောင့် တိရစ္ဆာန်နဲ့အပင်မျိုးကွဲ တသန်းဝန်းကျင်လောက်ဟာ မျိုးသုဉ်းပျောက်ကွယ်မယ့်ဘေးနဲ့ရင်ဆိုင်နေရတာပါ။

တရုတ်နိုင်ငံကတော့ အထူးဦးစားပေးအနေနဲ့ ထိန်းချုပ်ဧရိယာတွေ၊ အမျိုးသားဥယျာဉ်တွေ ထူထောင်ပြီး ဇီဝမျိုးကွဲတွေကို ကာကွယ်မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဖော်ပြောဆိုပါတယ်။

ဥတုရာသီပြောင်းလဲမှုနဲ့ပတ်သက်ပြီး လာမယ့် ဆယ်စုနှစ်တွေအတွင်း တိတိကျကျ ပစ်မှတ်ထားတဲ့ အရေးပေါ်လုပ်ဆောင်ချက်တွေလုပ်ဆောင်ကြရေး ပြတ်သားမှုတွေကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ် ခင်ဗျာ။

#Biodiversity #ClimateChange #ConventionOnBiologicalDiversity #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG