လူကိုသေစေနိုင်တဲ့ ငှက်တုပ်ကွေးရောဂါဟာ လူအချင်းချင်းကြားမှာ ကူးစက်နိုင်တဲ့ အလားအလာ ရှိနေတယ်လို့ တရုတ်နိုင်ငံက ထိပ်တန်း ကျန်းမာရေး အရာရှိတဦးက ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ကျယ်ပြန့်တဲ့ ကူးစက်ရောဂါတမျိုး ဖြစ်လာမယ့် အနေထားအဖြစ် စိုးရိမ်စရာ အကြောင်းတော့ မရှိဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံ ရောဂါထိမ်းချုပ်ကာကွယ်တားဆီးရေးဌာန ညွှန်ကြားရေးမှုး ဖန်ဇီကျန်း Feng Zijian က H7N9 ငှက်တုပ်ကွေးရောဂါဟာ လူအချင်းချင်းကြား ကူးစက်နိုင်တယ် ဆိုတာ သဘောတရား သီအိုရီအရသာ ဖြစ်နိုင်ပြီး လက်တွေ့မှာ အလားအလာ သိပ်မရှိဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လက ဒီငှက်တုပ်ကွေးရောဂါ လူမှာကူးစက်ကြောင်း ပထမဆုံး တွေ့ခဲ့ရပြီးကတည်းက သေဆုံးသူဟာ ၁၇ ဦး ရှိပြီဖြစ်ပါတယ်။ ရောဂါပိုးအကူးစက်ခံရသူပေါင်းက ၈၂ ဦး ရှိခဲ့ပြီး အများစုဟာ ရှန်ဟိုင်းအနီးတဝိုက်က ဖြစ်ပါတယ်။
အခုအချိန်အထိ ရောဂါကူးစက်မှုတွေဟာ ကြက်ငှက်ကတဆင့် လူကို ကူးစက်တယ်လို့ ယုံကြည်ရပေမယ့် ရောဂါ အကူးစက်ခံရသူတွေထဲက ၄၀ % ဟာ ကြက်ငှက်တွေနဲ့ ထိတွေ့မှု မရှိခဲ့ဘူးလို့ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ ဒီရောဂါတွေ့ရှိမှုကို အတည်ပြုပေမယ့် လူအချင်းချင်းကြား ကူးစက်ပျံ့နှံ့မယ့် အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။