သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ၁၀၀ ေက်ာ္ပါေလွတစီး အာေခ်းကို ထပ္ေရာက္ 


အင္ဒိုနီးရွားႏုိင္ငံ၊ အာေခ်းကၽြန္းကို သစ္သားေလွနဲ႔ထပ္ေရာက္လာတဲ့ ႐ိုဟင္ဂ်ာမ်ား။ (ႏိုဝင္ဘာ ၁၆၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ိုဟင္ဂ်ာ ၁၀၀ ေက်ာ္ပါတဲ့ ေနာက္ထပ္သစ္သားေလွတစီး အင္ဒိုနီးရွားႏိုင္ငံ အာေခ်းကြၽန္းက ကမ္းေျခတခုကို ဒီေန႔လည္း ထပ္ေရာက္လာပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ ၁၁၀ ပါလာတဲ့ ေလွတစီး၊ ေျမာက္ အာေခ်းခ႐ိုင္နားကို အဂၤါေန႔က ေရာက္လာခဲ့ၿပီးေနာက္ ဒီေန႔မွာလည္း ဒုကၡသည္ ၁၂၀ ပါတဲ့ ေလွတစီး ထပ္ေရာက္လာတာပါ။

ဒီေန႔ ဗုဒၶဟူးမနက္ပိုင္းက အမ်ိဳးသား ၆၁ ဦး၊ အမ်ိဳးသမီး ၃၆ ဦးနဲ႔ ကေလး ၂၂ ဦး လိုက္ပါလာတဲ့ ေလွတစင္း ေျမာက္အာေခ်းခ႐ိုင္ထဲက Bluka Teubai ႐ြာကို ေရာက္လာခဲ့ေၾကာင္းနဲ႔ ေဒသခံအာဏာပိုင္ေတြရဲ႕ ၫြန္ၾကားခ်က္ မသိရေသးခင္ တံငါသည္ေတြစုေဝးတဲ့ေနရာမွာ ယာယီေနရာခ်ေပးထားေပးတယ္လို႔ ခ႐ိုင္ရဲအရာရွိက ေျပာပါတယ္။

အဂၤါေန႔က ေရာက္လာတဲ့ ႐ိုဟင္ဂ်ာေတြကေတာ့ တလေက်ာ္ၾကာ ပင္လယ္ထဲမွာ ၾကာခဲ့တယ္လို႔ေျပာပါတယ္။ သူတို႔ က မေလးရွားကို ဦးတည္ထြက္လာတာျဖစ္ၿပီး အာေခ်းေရျပင္မွာေသာင္တင္ေနတာလို႔ ဒုကၡသည္တေယာက္က ေျပာပါတယ္။

၂၀၁၇ ခုႏွစ္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ႏွိမ္ နင္းဖို႔ စစ္တပ္က နယ္ေျမ ရွင္းလင္းမႈေတြလုပ္ခဲ့တာေၾကာင့္ ႐ိုဟင္ဂ်ာ သိန္းနဲ႔ခ်ီ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းေတြဆီ ကို ထြက္ေျပး ခိုလႈံခဲ့ၾကပါတယ္။

အဲဒီ စခန္းေတြက ဒုကၡသည္ေတြက ႏွစ္စဥ္ႏွစ္တိုင္း ေလွေတြနဲ႔ ပင္လယ္ျဖတ္ ၿပီး ေဒသတြင္းက တျခားမူဆလင္ႏိုင္ငံေတြဆီကို သြားေရာက္အေျခခ်ဖို႔ ႀကိဳးစားေလ့ရွိပါတယ္။ ၿပီးခဲ့တဲ့မတ္လတုန္းကလည္း ဒီ ဒုကၡသည္ ၁၁၄ ေယာက္ကို အာေခ်ျပည္နယ္ Bireuen ခ႐ိုင္ကမ္းေျခမွာ ေတြ႕ရွိခဲ့ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ရိုဟင်ဂျာ ၁၀၀ ကျော်ပါလှေတစီး အာချေးကို ထပ်ရောက်

ရိုဟင်ဂျာ ၁၀၀ ကျော်ပါတဲ့ နောက်ထပ်သစ်သားလှေတစီး အင်ဒိုနီးရှားနိုင်ငံ အာချေးကျွန်းက ကမ်းခြေတခုကို ဒီနေ့လည်း ထပ်ရောက်လာပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁၁၀ ပါလာတဲ့ လှေတစီး၊ မြောက် အာချေးခရိုင်နားကို အင်္ဂါနေ့က ရောက်လာခဲ့ပြီးနောက် ဒီနေ့မှာလည်း ဒုက္ခသည် ၁၂၀ ပါတဲ့ လှေတစီး ထပ်ရောက်လာတာပါ။

ဒီနေ့ ဗုဒ္ဓဟူး မနက်ပိုင်းက အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၃၆ ဦးနဲ့ ကလေး ၂၂ ဦးလိုက်ပါလာတဲ့ လှေတစင်း မြောက်အာချေးခရိုင်ထဲက Bluka Teubai ရွာကို ရောက်လာခဲ့ကြောင်းနဲ့ ဒေသခံအာဏာပိုင်တွေရဲ့ ညွန်ကြားချက် မသိရသေးခင် တံငါသည်တွေစုဝေးတဲ့နေရာမှာ ယာယီနေရာချထားတယ်လို့ ခရိုင်ရဲအရာရှိက ပြောပါတယ်။

အင်္ဂါနေ့က ရောက်လာတဲ့ ရိုဟင်ဂျာတွေကတော့ တလကျော်ကြာ ပင်လယ်ထဲမှာ ကြာခဲ့တယ်လို့ပြောပါတယ်။ သူတို့ က မလေးရှားကို ဦးတည်ထွက်လာတာဖြစ်ပြီး အာချေးရေပြင်မှာသောင်တင်နေတာလို့ ဒုက္ခသည်တယောက်က ပြောပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို နှိမ် နင်းဖို့ စစ်တပ်က နယ်မြေ ရှင်းလင်းမှုတွေလုပ်ခဲ့တာကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ ကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

အဲဒီ စခန်းတွေက ဒုက္ခသည်တွေက နှစ်စဉ်နှစ်တိုင်း လှေတွေနဲ့ ပင်လယ်ဖြတ် ပြီး ဒေသတွင်းက တခြားမူဆလင်နိုင်ငံတွေဆီကို သွားရောက်အခြေချဖို့ ကြိုးစားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းကလည်း ဒီ ဒုက္ခသည် ၁၁၄ ယောက်ကို အာချေပြည်နယ် Bireuen ခရိုင်ကမ်းခြေမှာ တွေ့ရှိခဲ့ပါတယ် ခင်ဗျာ။

XS
SM
MD
LG