သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှုံးနိမ့်သူ Manmohan Singh ဝန်ကြီးချူပ်ရုံးက ထွက်ခွါပြီ


ရွေးကောက်ခံ ဝန်ကြီးချုပ်အသစ် Narendra Modi တာဝန်ထမ်းဆောင်ရန် နယူးဒေလီမြို့သို့ ရောက်လာစဉ်။ (မေ ၁၇၊ ၂၀၁၄)
ရွေးကောက်ခံ ဝန်ကြီးချုပ်အသစ် Narendra Modi တာဝန်ထမ်းဆောင်ရန် နယူးဒေလီမြို့သို့ ရောက်လာစဉ်။ (မေ ၁၇၊ ၂၀၁၄)
အိန္ဒိယနိုင်ငံက လွှတ်တော်ရွေးကောက်ပွဲတွေမှာ လက်ရှိအာဏာရ India အမျိုးသား ကွန်ဂရက်ပါတီ ရှုံးနိမ့်သွားပြီးတဲ့နောက်မှာ ရာထူး လက်လွှတ်ပေးရတဲ့ ဝန်ကြီးချုပ် Manmohan Singh သူ့ရဲ့ရုံးခန်းကနေ ဖယ်ပေးသွားခဲ့ပါပြီ။

မဲအပြတ်အသတ်နဲ့အနိုင်ရဖို့ အတိုက်အခံ ဘာရာတီးယား - ဂျနာတာ (Bharatiya Janata) BJP ပါတီကို မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေရဲ့ အဆုံးအဖြတ်ကို အားလုံးက အလေးထားရမယ်လို့ Mr. Singh က ဒီနေ့ ခပ်တိုတိုပဲ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်စာရင် အများကြီး ပိုအားကောင်းခိုင်မာနေပါပြီလို့လည်း သူက ပြောသွားပါတယ်။

သူ့ရဲ့ ကွန်ဂရက်ပါတီဟာ နိုင်ငံကို ၁၀ နှစ်တာ အုပ်ချုပ်လာခဲ့ပြီး ထိပ်တန်းအရာရှိတွေရဲ့ အဂတိလိုက်စားမှုတွေ၊ ငွေကြေး တော်တော် ဖောင်းပွမှု နဲ့ စီးပွားရေးဖွံ့ဖြိုးမှုမှာ နောက်ကျ ကျန်ခဲ့တာတို့နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဒီနေ့ စနေနေ့မှာပဲ နယူးဒေလီမြို့တော်ကို ရောက်လာခဲ့တဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံ Mr. Narendra Modi ကိုတော့ သူ့ကို ထောက်ခံသူတွေက အလံတွေဝှေ့ယမ်းပြီး ကြိုဆိုခဲ့ပါတယ်။ သူက ၂၀၀၁ ခုနှစ်ထဲကနေ သူအုပ်ချုပ်လာခဲ့တဲ့ အနောက် Gujarat ပြည်နယ်ကနေ နယူးဒေလီမြို့တော်ကို Mr. Modi ရောက်ရှိလာတာပါ။ သူ့ရဲ့ BJP ပါတီ က နှစ်ပေါင်း ၃၀ အတွင်း တပါတီထဲက မဲအများဆုံးနဲ့ အနိုင်ရပြီးတဲ့နောက်မှာ ၅ နှစ်တာ တာဝန်တွေထမ်းဆောင်ဖို့ Mr. Modi ပြင်ဆင်နေပါပြီ။

အတိုက်အခံအဖြစ် အကြာကြီးရှိနေခဲ့တဲ့ Mr. Modi ဟာ သူ့ကို ထောက်ခံသူတွေကို သောကြာနေ့က မိန့်ခွန်းပြောတော့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ပြန်ကောင်းလာအောင် လုပ်ပေးပါမယ်၊ နိုင်ငံသားတိုင်းကို တယောက်မကျန် လက်တွဲခေါ်သွားမှာ ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ Barack Obama ကလည်း ဝန်ကြီးချုပ်သစ်ကို သောကြာနေ့က ဖုံးဆက်ပြီး Washington မြို့တော်ကိုလာခဲ့ဖို့ ဖိတ်ကြားသွားပါတယ်။
XS
SM
MD
LG