သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AirAsia ပျက်ကျလေယာဉ်ရဲ့ Black Box စစ်ဆေး


အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်မှာ ပြီးခဲ့တဲ့လထဲ ပျက်ကျခဲ့ပြီး လူပေါင်း ၁၆၂ ယောက် သေဆုံးခဲ့ရတဲ့ AirAsia လေယာဉ်က ပျံသန်းမှု မှတ်တမ်းတင် Black Box ၂ ခုစလုံးကို ရေငုပ်သမားတွေ ရှာဖွေ ဆယ်ယူနိုင်ခဲ့ကြပါတယ်။

ပျံသန်းမှု အချက်အလက် မှတ်တမ်းတင် Black Box ကို ဆယ်ယူနိုင်ခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့ အစောပိုင်းမှာပဲ လေယာဉ်အမြီးပိုင်းက အသံနဲ့ မှတ်တမ်းတင်စက်ကိုပါ ဆယ်ယူနိုင်ခဲ့ကြတာပါ။

မှတ်တမ်းတင်စက် ၂ ခုစလုံးကို လေ့လာဆန်းစစ်ပြီးရင်တော့ AirAsia လေယာဉ် ၈၅၀၁ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဘာကြောင့် ပျက်ကျခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လတ်တလောမှာတော့ အင်ဒိုနီးရှားနိုင်ငံ Surabaya ကနေ စင်္ကာပူနိုင်ငံကို ဦးတည်ပျံသန်းစဉ် မုန်တိုင်းကို ရှောင်ဖို့ကြိုးစားရင်း ပျက်ကျခဲ့ပုံ ရတယ်လို့ ယူဆထားကြတာပါ။

၂ နာရီကြာ ခရီးစဉ်လမ်းတဝက် ဂျာဗားပင်လယ်ပြင် မြောက်ပိုင်းမှာပဲ လေယာဉ်ဟာ ရေဒါထဲကနေ ပျောက်သွားတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ခရီးသည်နဲ့ ဝန်ထမ်း စုစုပေါင်း ၁၆၂ ယောက်ထဲက အခုအချိန်အထိတော့ အလောင်းစုစုပေါင်း ၄၈ လောင်းသာ ပြန်လည် ဆယ်ယူနိုင်ခဲ့တာပါ။

ကျန်အလောင်း တော်တော်များများကိုတော့ အခုအခါ ပင်လယ်ရေအောက် ကြမ်းပြင်ပေါ်မှာ တွေ့ထားပြီးဖြစ်တဲ့ လေယာဉ်အဓိက ကိုယ်ထည်မှာ ရှိလိမ့်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ လေယာဉ်ပျက်ကျရာက အသက်မသေ ကျန်ရစ်သူတော့ တယောက်မှ မတွေ့ခဲ့ကြရပါဘူး။

XS
SM
MD
LG