သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ကုန်လှောင်ရုံ ပေါက်ကွဲမှု ၄၀ ကျော် ထက် မနည်းသေ


တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသက Tianjin ဆိပ်ကမ်းမြို့က ကုန်လှောင်ရုံပေါက်ကွဲမှု။ (သြဂုတ် ၁၃၊ ၂၀၁၄)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသက Tianjin ဆိပ်ကမ်းမြို့က ကုန်လှောင်ရုံပေါက်ကွဲမှု။ (သြဂုတ် ၁၃၊ ၂၀၁၄)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသက Tianjin ဆိပ်ကမ်းမြို့ထဲက အန္တရာယ် များပစ္စည်းတွေ သိုလှောင်တဲ့ ကုန်လှောင်ရုံတခုမှာ ဗုဒ္ဓဟူးနေ့က အင်မတန် ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်သွားတဲ့အတွက် လူ ၄၄ ယောက်ထက် မနည်း သေဆုံးင်္ပြီး လူပေါင်း ရာချီ ဒဏ်ရာရ သွားပါတယ်။

မီးလောင်ပေါက်ကွဲတဲ့နေရာကနေ အထပ်မြင့်တိုက်တွေထက်ကြီးတဲ့ မီးတောက်ကြီးတွေနဲ့ မှိုပွင့်ပုံ မီးခိုးလုံးတွေတက်လာတာကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေမှာတွေ့ရတဲ့အပြင် အဲ့ဒီနေရာကနေ ကီလိုမီတာ အတော်ဝေးဝေး နေရာတွေကတောင် ပြင်းထန်တဲ့ တုန်ခါမှုတွေခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဟာလာဟင်းလင်းဖြစ်နေတဲ့ အဆောက်အအုံတွေ၊ မီးကျွမ်းနေတဲ့ ယာဉ်တွေနဲ့ အတူ ပေါက်ကွဲပျက်စီးသွားတဲ့ အဆောက်အဦးတွေဆီက မီးခိုးတွေ ထွက်နေတဲ့ ပုံတွေကို တရုတ်အစိုးရ ဆင်ဟွာသတင်းအေဂျင်စီက ဒီကနေ့ ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။ ရာနဲ့ချီတဲ့ မီးသတ်သမားတွေက မီးငြိမ်းသတ်ဖို့ ကြိုးစားပေမယ့်လည်း ကုန်လှောင်ရုံ အနေအထားက ရှုပ်ထွေးတဲ့ အခြေအနေတွေကြောင့် အခက်အခဲတွေ့ နေရတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။ တခြားသတင်းတွေမှာတော့ မီးသတ်သမားတွေဟာ ပေါက်ကွဲလွယ်ပြီး အန္တရာယ် ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ မရှိတော့ဘူးလို့ အတိအကျပြောနိုင်တဲ့အထိ စောင့်နေဖို့ကောင်းတယ်လို့ ဖော်ပြထားပါတယ်။

ဒေသ စံတော်ချိန် ၁၁နာရီခွဲ ကျော်မှာ ဖြစ်ပွါးခဲ့တဲ့ ပထမပေါက်ကွဲမှုဟာ TNT ယမ်း ၃ တန် ပေါက်ကွဲမှုနဲ့ညီမျှပြီး နောက် စက္ကန် ၃၀ အကြာက ဒုတိယ ပေါက်ကွဲမှု ကတော့TNT ယမ်း ၂၁ တန်ပေါက်ကွဲမှုနဲ့ ညီမျှတယ်လို့ တရုတ်ငလျင် တိုင်းတာရေးစခန်းက ပြောပါတယ်။

အခုလိုမီးလောင်ပေါက်ကွဲမှုကြောင့် လူ ၃၂ဦးက အရေးပေါ်အခြေအနေမှာရှိနေပြီၤး လူ ၄၀၀ ထက်မနည်း ဒဏ်ရာရသွားတယ်လို့ အစိုးရသတင်းဌာနက ပြောပါတယ်။ Rui Hai ကုမ္ပဏီပိုင် ကုန်လှောင်ရုံမှာဖြစ်သွားတဲ့ ဒီပေါက်ကွဲမှုရဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ အစိုးရသတင်းဌာနကပြောပါတယ်။ ကုမ္ပဏီ အုပ်ချုပ်ရေး အကြီးတန်း အရာရှိတွေကိုတော့ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ ဒေသခံ အာဏာပိုင်တွေကပြောပါတယ်။

XS
SM
MD
LG