သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံ ခရီးစဉ်စတင်


U.S. Secretary of State Antony Blinken, left, shakes hands with Chinese Foreign Minister Qin Gang, right, at the Diaoyutai State Guesthouse in Beijing, China, June 18, 2023.
U.S. Secretary of State Antony Blinken, left, shakes hands with Chinese Foreign Minister Qin Gang, right, at the Diaoyutai State Guesthouse in Beijing, China, June 18, 2023.

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိလာပါတယ်။ သူ့ခရီးစဉ်ဟာ တရုတ်နဲ့ အမေရိကန်ကြား ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးထူထောင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီး Blinken က ပြောဆိုထားတာပါ။ Blinken ဟာ ၂၀၁၈ခုနှစ်နောက်ပိုင်း တရုတ်ပြည်ကို လာရောက်ခဲ့တဲ့ ပထမဆုံးသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။

ဘေဂျင်းမြို့တော်မှာ ဝန်ကြီး Blinken ခရီးစဉ်ကို ကြိုဆိုနှုတ်ဆက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (ရှင်ကျန်) နဲ့လည်း တနင်္ဂနွေနေ့နှောင်းပိုင်းမှာ အလုပ်သဘောညစာစားခဲ့ကြပါတယ်။ အမေရိကန်ထိပ်တန်း သံတမန်ဟာ မနက်ဖြန်မှာတော့ တရုတ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေထဲက Wang Yi နဲ့ တွေ့ဆုံဖို့ ရှိနေသလို တရုတ်သမ္မတ Xi Jinping နဲ့လည်း တွေ့ဖြစ်မယ့် အလားအလာ ရှိနေပါတယ်။

ခရီးစဉ်မစခင် ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဖြစ်ပျက်နေတဲ့ ပြဿနာအမျိုးမျိုးအတွက် အလွန်စိုးရိမ်ပူပန်မှုတွေ ရှိနေတာကို တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပွင့်ပွင့်လင်းပြောဆိုသွားမယ်လို့ ဝန်ကြီး Blinken ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံကို အမေရိကန် အဆင့်မြင့်အရာရှိတဦးရဲ့ ရှားရှားပါးပါး ခရီးစဉ်မှာ ၂ နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့ကိုတော့ သိပ်မျှော်လင့်မထားကြပါဘူး။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin ကတော့ "အမေရိကန်ဟာ တရုတ်နိုင်ငံကို သူ့ရဲ့ 'အဓိကပြိုင်ဘက်' အဖြစ် ရှုမြင်ပြီး 'နောက်ဆက်တွဲ အကျိုးဆက်ကတော့ ပထဝီဝင်နိုင်ငံရေးအရ စိန်ခေါ်မှု အကြီးဆုံးဖြစ်လာကြောင်း ပြောကြားခဲ့ပြီး ဒါဟာ အမေရိကန်တွေဘက်က မဟာဗျုဟာအရ လွဲမှားတဲ့ ဆုံးဖြတ်ချက်တခုလို့ ဆိုပါတယ်။

XS
SM
MD
LG