{Zawgyi/Unicode}
အေမရိကန္နဲ႔ျပင္သစ္ႏွစ္ႏိုင္ငံဟာ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေျခ နယ္ပယ္ေတြကို ေဆြးေႏြးၾကဖို႔ ျပင္သစ္အစိုးရအရာရွိေတြနဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ ပါရီၿမိဳ႕ေတာ္မွာ ေတြ႔ခဲ့ၾကပါတယ္။ ဒီကေန႔ခရီးစဥ္ရဲ႕ ပထမဦးဆုံး အစီအစဥ္အျဖစ္ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian နဲ႔ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Emmanuel Bonne တို႔နဲ႔ ဝန္ႀကီးဘလင္ကန္ ေတြ႔ဆုံခဲ့ပါတယ္။
ၾသစေၾတးလ် ၊ ၿဗိတိန္နဲ႔အေမရိကန္ သုံးႏိုင္ငံၾကား AUKUS လို႔ အဂၤလိပ္လို႔ အတိုသိၾကတဲ့ လုံၿခဳံေရးဆိုင္ရာပူးေပါင္းေဆာင္ ႐ြက္မႈတရပ္ကို စက္တင္ဘာလ ၁၅ ရက္ေန႔က ေၾကညာခဲ့တဲ့အေပၚ ျပင္သစ္ဘက္က အျငင္းပြား အျပစ္တင္ခဲ့ပါတယ္။ ႏွစ္ရက္အတြင္းမွာ ျပင္သစ္က အေမရိကန္နဲ႔ ဩစေၾထးလ်ား သံအမတ္ႀကီးေတြကို ျပန္ေခၚခဲ့ၿပီး အေမရိကန္ ျပင္သစ္ၾကား ယုံၾကည္မႈ အက်ပ္ဆိုက္ခဲ့တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Le Drian က ေၾကညာခဲ့ပါတယ္။ ဒီကိစၥကို အဓိကထား ေျပလည္ေအာင္ ေဆာင္႐ြက္ဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ျပင္သစ္ကို ေရာက္ေနတာပါ။
ဒီခရီးစဥ္ဟာ ေအာက္တိုဘာလကုန္မွာ က်င္းပမယ့္ G 20 ႏိုင္ငံမ်ား အစည္းအေဝးမွာ အေမရိကန္သမၼတဘိုင္ဒင္နဲ႔ ျပင္သစ္ သမၼတ Macron တို႔ ေတြ႔ဆုံၾကဖို႔ ျပင္ဆင္တဲ့ ခရီးစဥ္တခုလည္း ျဖစ္ပါတယ္။
AUKUS သေဘာတူညီခ်က္အရ အေမရိကန္ နည္းပညာေတြကိုသုံးၿပီး ၾသစေၾတးလ်ႏိုင္ငံအတြင္း န်ဴကလီးယား စြမ္းအင္ သုံး ေရငုပ္သေဘၤာ ၈ စင္းထက္မနည္း တည္ေဆာက္ဖို႔ ျဖစ္ပါတယ္။ ဒီ့မတိုင္ခင္အေစာပိုင္းမွာ ၾသစေၾတးလ်က ျပင္သစ္ဆီကေန ဒီဇယ္နဲ႔လွ်ပ္စစ္သုံး ေရငုပ္သေဘၤာေတြ ဝယ္ယူဖို႔ သေဘာတူထားခဲ့တာကို ဖ်က္ခဲ့တာေၾကာင့္လည္း ဒီအေပၚ ျပင္သစ္က မေက်မနပ္ ျဖစ္ေနတာပါ။
======
{Unicode}
ကန်-ပြင်သစ် ပူးပေါင်းဆောင်ရွက်နိုင်ခြေ ကန်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး
အမေရိကန်နဲ့ပြင်သစ်နှစ်နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်နိုင်ခြေ နယ်ပယ်တွေကို ဆွေးနွေးကြဖို့ ပြင်သစ်အစိုးရအရာရှိတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပါရီမြို့တော်မှာ တွေ့ခဲ့ကြပါတယ်။ ဒီကနေ့ခရီးစဉ်ရဲ့ ပထမဦးဆုံး အစီအစဉ်အဖြစ် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နဲ့ အမျိုးသားလုံခြုံရေးအကြံပေး Emmanuel Bonne တို့နဲ့ ဝန်ကြီးဘလင်ကန် တွေ့ဆုံခဲ့ပါတယ်။
သြစတြေးလျ ၊ ဗြိတိန်နဲ့အမေရိကန် သုံးနိုင်ငံကြား AUKUS လို့ အင်္ဂလိပ်လို့ အတိုသိကြတဲ့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုတရပ်ကို စက်တင်ဘာလ ၁၅ ရက်နေ့က ကြေညာခဲ့တဲ့အပေါ် ပြင်သစ်ဘက်က အငြင်းပွား အပြစ်တင်ခဲ့ပါတယ်။နှစ်ရက်အတွင်းမှာ ပြင်သစ်က အမေရိကန်နဲ့ ဩစထြေးလျား သံအမတ်ကြီးတွေကို ပြန်ခေါ်ခဲ့ပြီး အမေရိကန် ပြင်သစ်ကြား ယုံကြည်မှု အကျပ်ဆိုက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Le Drian က ကြေညာခဲ့ပါတယ်။ ဒီကိစ္စကို အဓိကထား ပြေလည်အောင် ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြင်သစ်ကို ရောက်နေတာပါ။
ဒီခရီးစဉ်ဟာ အောက်တိုဘာလကုန်မှာ ကျင်းပမယ့် G 20 နိုင်ငံများ အစည်းအဝေးမှာ အမေရိကန်သမ္မတဘိုင်ဒင်နဲ့ ပြင်သစ် သမ္မတ Macron တို့ တွေ့ဆုံကြဖို့ ပြင်ဆင်တဲ့ ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။
AUKUS သဘောတူညီချက်အရ အမေရိကန် နည်းပညာတွေကိုသုံးပြီး သြစတြေးလျနိုင်ငံအတွင်း နျူကလီးယား စွမ်းအင် သုံး ရေငုပ်သင်္ဘော ၈ စင်းထက်မနည်း တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်အစောပိုင်းမှာ သြစတြေးလျက ပြင်သစ်ဆီကနေ ဒီဇယ်နဲ့လျှပ်စစ်သုံး ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ သဘောတူထားခဲ့တာကို ဖျက်ခဲ့တာကြောင့်လည်း ဒီအပေါ် ပြင်သစ်က မကျေမနပ် ဖြစ်နေတာပါ။
#USFrance #AntonyBlinken #VOABurmese