သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်ရေး ဟာမတ်စ်အဖွဲ့ကို ကန်နိုင်ငံခြားရေးဝန်ကြီး ဖိအားပေး


အစ္စရေးသမ္မတ Issac Herzog နဲ့တွေ့ဆုံအပြီး ဆန္ဒပြသူတွေကို တွေ့ဆုံနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မေ ၁၊ ၂၀၂၄)
အစ္စရေးသမ္မတ Issac Herzog နဲ့တွေ့ဆုံအပြီး ဆန္ဒပြသူတွေကို တွေ့ဆုံနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မေ ၁၊ ၂၀၂၄)

ဂါဇာမှာ ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးတာအပါအဝင် အစ္စရေးနဲ့ ဟာမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

“အခုလို ခက်ခဲတဲ့အချိန်မျိုးမှာတောင် အပစ်ရပ်စဲပြီး ဓားစာခံတွေ ချက်ခြင်းပြန်လွှတ်ဖို့အတွက် ကျနော်တို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ သဘောတူညီချက်မရဘူးဆိုရင် ဟာမတ်စ်ကြောင့်ဘဲဖြစ်ပါမယ်။ အပစ်ရပ်ရေး အဆိုပြုချက်ကို တင်ပြထားပြီးဖြစ်ပါတယ်၊ ကျနော်တို့ ပြောထားသလိုပါဘဲ ဒါကို အချိန်ဆွဲတာ၊ ဆင်ခြေပေးတာတွေ လုပ်မနေဘဲ အမြန်ဆုံး လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်” - လို့ အစ္စရေးသမ္မတ Issac Herzog နဲ့ တွေ့ဆုံအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Blinken က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နဲ့ Antony Blinken အစ္စရေးသမ္မတ Issac Herzog (မေ ၁၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နဲ့ Antony Blinken အစ္စရေးသမ္မတ Issac Herzog (မေ ၁၊ ၂၀၂၄)


အစ္စရေးသမ္မတနဲ့ တွေ့ဆုံမှုအတွင်း ဂါဇာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပို့ပေးရေးကိစ္စလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဓားစာခံတွေ ပြန်လွှတ်ရေးကိစ္စဟာ နိုင်ငံတကာအသိုက်အဝန်းအတွက် ဦးစားပေးလုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်လို့ အစ္စရေးသမ္မတက ပြောပါတယ်။

ဟာမတ်စ်အနေနဲ့ လက်ရှိ တင်ပြထားတဲ့ အပစ်ရပ်ရေး အဆိုပြုချက်ကို လက်ခံဖို့ ဝန်ကြီး Blinken က အကြိမ်ကြိမ် ဖိအားပေး ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဝန်ကြီး Blinken ဟာ အစ္စရေးကို မရောက်ခင် ဆော်ဒီအာရေးဗီးယားနဲ့ ဂျော်ဒန်နိုင်ငံတို့ကို ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အစ္စရေးသမ္မတနဲ့ တွေ့ဆုံအပြီး ဝန်ကြီး Blinken ဟာ အပြင်မှာ ရှိနေကြတဲ့ ဆန္ဒပြသူတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဂါဇာဒေသ အပစ်ရပ်ရေး ဟာမတ်စ်အဖွဲ့ကို ကန်နိုင်ငံခြားရေးဝန်ကြီး ဖိအားပေး
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG