သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအရပ္ဘက္ ကိုယ္စားလွယ္ေတြနဲ႔ ကန္၀န္ႀကီး Blinken ေတြ႕ဆံု


အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီလမ္းေၾကာင္းက ေသြဖီၿပီး၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္သူေတြ တာ၀န္ခံမႈရွိေအာင္ ႀကိဳးပမ္းမယ့္အေၾကာင္း အေမရိကန္က ေျပာဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒ စိုးမိုးေရး ျမန္မာျပည္သူေတြနဲ႔အတူ လက္တဲြႀကိဳးပမ္းမယ့္ အေမရိကန္ရဲ႕ ရပ္တည္ခ်က္နဲ႔ ပတ္သက္လို႔ ၀န္ႀကီး Antony Blinken ျမန္မာအရပ္ဖက္ လူမႈအဖဲြ႕အစည္းေတြနဲ႔ ေတြ႕ဆုံခဲ့ေၾကာင္းလည္း ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Ned Price ၾကာသပေတးေန႔က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုလိုက္တာပါ။

ျမန္မာႏိ္ုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိလာဖို႔နဲ႔ ဒီမိုကေရစီလမ္းေၾကာင္းက ေသြဖီၿပီး လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ က်ဳးလြန္သူေတြ တာ၀န္ခံမႈရွိေအာင္ ႀကိဳးပမ္းေနသူေတြနဲ႔လည္း တသားတည္း ရပ္တည္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္နဲ႔ ဆန္႔က်င္ လႈပ္ရွားသူေတြကို အင္အားသုံးႏွိမ္နင္းမႈေတြအတြက္ ျမန္မာစစ္ေခါင္းေဆာင္ေတြ အပါအ၀င္ လူပုဂၢိဳလ္ေတြ၊ လုပ္ငန္းေတြကိုလည္း အေမရိကန္က ပိတ္ဆို႔ဒဏ္ခတ္ အေရးယူမႈေတြ မၾကာေသးခင္ကပဲ ခ်မွတ္ထားပါတယ္။

...........................................................

တိုက္႐ိုက္ လင့္ခ္


[ Unicode ]
မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းက သွေဖီပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်သူတွေ တာဝန်ခံမှုရှိအောင် ကြိုးပမ်းမယ့်အကြောင်း အမေရိကန်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး မြန်မာပြည်သူတွေနဲ့အတူ လက်တွဲကြိုးပမ်းမယ့် အမေရိကန်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ဝန်ကြီး Antony Blinken မြန်မာအရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းက သွေဖီပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်သူတွေ တာဝန်ခံမှုရှိအောင် ကြိုးပမ်းနေသူတွေနဲ့လည်း တသားတည်း ရပ်တည်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ ဆန့်ကျင် လှုပ်ရှားသူတွေကို အင်အားသုံးနှိမ်နင်းမှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေ အပါအဝင် လူပုဂ္ဂိုလ်တွေ၊ လုပ်ငန်းတွေကိုလည်း အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ မကြာသေးခင်ကပဲ ချမှတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG