သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bangladesh blogger အယူသည်းသမားတွေ ခုတ်သတ်


ဘလော်ဂါတဦးဖြစ်တဲ့ ဇနီးဖြစ်သူ Ahmed ဆိုးဆိုးရွားရွား ဒဏ်ရာရလို့ ဆေးရုံကို ပို့ဆောင် (ဖေဖော်ဝါရီ ၂၆၊၂၀၁၅)
ဘလော်ဂါတဦးဖြစ်တဲ့ ဇနီးဖြစ်သူ Ahmed ဆိုးဆိုးရွားရွား ဒဏ်ရာရလို့ ဆေးရုံကို ပို့ဆောင် (ဖေဖော်ဝါရီ ၂၆၊၂၀၁၅)

တင်းကျပ်တဲ့ ဘာသာရေးအယူဝါဒကို ဆန့်ကျင်ရေးသားသူ ထင်ရှားတဲ့ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန်နိုင်ငံသား ဘလော်ဂါ တဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော်မှာ ဓားနဲ့အခုတ်ခံရပြီး သေဆုံးသွားပါတယ်။

ဘင်္ဂလေးဒေ့ရှ်နိုင်ငံဖွား အမေရိကန်နိုင်ငံသား Avijit Roy နဲ့ ဇနီးဖြစ်သူ Rafida Ahmed တို့ဟာ ဒါကာတက္ကသိုလ်မှာလုပ်တဲ့ စာအုပ်ပြပွဲတခု ကနေ ပြန် လာပြီးတဲ့နောက် ကြာသပတေးနေ့ညနှောင်းပိုင်းမှာ တိုက်ခိုက်ခံရတာလို့ အာဏာပိုင်တွေက ပြောပါ တယ်။ ကိုယ်တိုင်ကလည်း ဘလော်ဂါတဦးဖြစ်တဲ့ ဇနီးဖြစ်သူ Ahmed က ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပါတယ်။

မူစလင်အများစုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွတ်လပ်စွာတွေးခေါ်စဉ်းစားတာကို အားပေးတဲ့ ဘာသာရေးကင်းတဲ့ စာရေးသူ တွေအပေါ် မကြာသေးခင်နှစ်တွေ အတွင်း တိုက်ခိုက်မှုတွေဖြစ်နေတာမှာ အခုဖြစ်ရပ်က နောက်ဆုံးပေါ်လာတာပါ။

မတူကွဲပြားတဲ့တခုခုကို ယုံကြည်သူတွေ၊ လွတ်လပ်တဲ့ တွေးခေါ်သူတွေဟာ အတိုက်ခိုက်ခံနေရ၊ အရေးယူပြီး ထောင်ချခံနေကြရ ပါတယ်လို့ ဘင်္ဂလားဒေ့ရှ် လူ့အခွင့်အရေးလှုပ်ရှားသူ Adilur Rahman Khan က အခုဖြစ်ရပ်အပေါ် တုန့်ပြန်ပြောဆိုပါတယ်။

တိုက်ခိုက်တဲ့ဖြစ်ရပ်ကို တွေ့မြင်သူတွေရှိပေမယ့် ဘယ်သူကမှ ဝင်ပြီး မကူညီသလို တိုက်ခိုက်သူတွေကို ဖမ်းပေးတာလည်း မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းစာက ဖော်ပြပါတယ်။

Ansar Bangla 7 လို့ခေါ်တဲ့ မထင်မရှား စစ်သွေးကြွအုပ်စုတခုက တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ကြေညာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ပြီးခဲ့တဲ့နှစ်က နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၁၄၆ အဖြစ် နယ်စည်း မထားသတင်းထောက်များအဖွဲ့က သတ်မှတ်ထားပါတယ်။

XS
SM
MD
LG