သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ငွေလွှဲမှုလုပ်ခဲ့တဲ့ ပြင်သစ်ဘဏ် ဒဏ်ချခံရ


ကမ္ဘာ့အကြီးဆုံး ဘဏ်ကြီးတခုဖြစ်တဲ့ BNP ဘဏ်ဟာ အမေရိကန်အစိုးရ အရေးယူ ဒဏ်ခတ်ထားတဲ့ မြန်မာ အပါအဝင် အီရန်၊ ဆူဒန်နဲ့ ကျူးဘားနိုင်ငံတွေနဲ့ ငွေကြေးဆက်နွယ်မှုတွေ လုပ်ဆောင်ခဲ့တာမို့ အပြစ်ရှိတဲ့အတွက် အမေရိကန်တရားရုံးကို ဒဏ်ငွေ ဒေါ်လာ သန်းပေါင်း ၈၉၀၀ ပေးလျော်ဖို့ သဘောတူလိုက်ပါတယ်။

ပြင်သစ်ဘဏ်တခုဖြစ်တဲ့ BNP ဘဏ်ကို တရားစွဲဆိုထားတဲ့ ရာဇဝတ်မှုခင်းဆိုင်ရာ အချက်အလက်တွေကို တနင်္လာနေ့က အေမေရိကန် တရားရေးဌာနက ခရိုင်တရားရုံးမှာ တင်သွင်းခဲ့တယ်လို့ အမေရိကန် ရှေ့နေချုပ် Eric Holder က ပြောကြားခဲ့ပါတယ်။

BNP ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ငွေကြေးလည်ပတ်တဲ့ စနစ်ကို အသုံးချပြီး ရှုပ်ထွေးတဲ့ လုပ်ဆောင်မှုတွေနဲ့ တရားမဝင်ငွေ ဒေါ်လာဘီလျံနဲ့ချီပြီး လွှဲပြောင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေကို ချိုးဖောက်တာပါ။ ဒီ အရေးယူဒဏ်ခတ်မှုတွေဟာ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ ချမှတ်ထားတာမို့ ဒါကို ပြတ်ပြတ်သားသား အရေးယူရမှာ ဖြစ်ပါတယ်လို့ ပြောသွားတာပါ။

BNP ဘဏ်ဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနဲ့ ကျူးဘားနိုင်ငံတွေနဲ့ ငွေကြေး ဆက်နွယ်မှုတွေလုပ်ပြီး ဒေါ်လာ ထောင်ပေါင်းများစွာ လျှို့ဝှက် လွှဲပြောင်းမှုတွေ လုပ်ဆောင်ခဲ့တာမို့ အမေရိကန် တရားဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။

ဒါဟာ စီးပွားရေး ရေးယူဒဏ်ခတ်မှုတွေထဲမှာ ဘဏ်တခုပါဝင် ပတ်သက်နေတဲ့ အကြီးဆုံး ရာဇဝတ်ပြစ်မှုဖြစ်ပြီး၊ ဒဏ်ငွေအများဆုံး ဆောင်ရတဲ့ အမှုတခုဖြစ်သလို BNP ဘဏ်ဟာ စီးပွားရေး ပိတ်ဆို့အရေးယူမှုနဲ့ ဆက်နွယ်ပြီး ပထမဆုံး အပြစ်ဒဏ်ခံရတဲ့ ပထမဆုံး ဘဏ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG