သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bo Xilai အမှု တတိယမြောက်နေ့ စစ်ဆေး


မစ္စတာ ဘိုရှီလိုင်းကို တရားရုံးမှာ ကြားနာစစ်ဆေးနေစဉ်။ (သြဂုတ်လ ၂၃ ရက်၊ ၂၀၁၃)
မစ္စတာ ဘိုရှီလိုင်းကို တရားရုံးမှာ ကြားနာစစ်ဆေးနေစဉ်။ (သြဂုတ်လ ၂၃ ရက်၊ ၂၀၁၃)
တရုတ်ကွန်မြူနစ်ပါတီ အကြီးတန်းခေါင်းဆောင်ဟောင်း Bo Xilai အပေါ် အဂတိလိုက်စားမှုနဲ့ စွဲဆိုထားတဲ့အမှုကို ဒီကနေ့ တတိယမြောက်နေ့အဖြစ် စစ်ဆေးတာမှာ ငွေကြေးအလွဲသုံးစား လုပ်မှုတွေကို သူသိတဲ့ကိစ္စ တရားလိုရှေ့နေတွေ ဘက်က တင်ပြခဲ့ပါတယ်။

ဧပြီလတုန်းက Bo Xilai ထုတ်ပြန်တဲ့ ကြေညာချက်ကို တရားလို ဘက်က ရှေ့နေက တရားခွင်မှာ ဖတ်ကြားခဲ့တာမှာ အစိုးရ အဆောက်အဦး ဆောက်လုပ်ရေး စီမံကိန်းကနေ ဒေါ်လာ ၈ သိန်းကျော်ကို သူ့ဇနီးဖြစ်သူရဲ့ ဘဏ်စာရင်းထဲကို ပြောင်းရွှေ့ခဲ့တဲ့ကိစ္စ သူ့အနေနဲ့ သိရှိတယ်။ ဒါပေမဲ့ နိုင်ငံတော်ဘဏ္ဍာတွေကို သူ့ဘက်က အလွဲသုံးစားလုပ်တာ မဟုတ်ဘူးလို့ ကြေညာချက်ထဲမှာ ပြောထားတာကို ဖတ်ပြခဲ့ပါတယ်။

ဘဏ္ဍာငွေတွေကို မခိုးယူဖို့ ဒါမှမဟုတ် ပြန်ပေးဖို့ သူ့အနေနဲ့ တစုံတရာ မလုပ်ခဲ့တဲ့အပေါ် Bo Xilai က ကြေညာချက်ထဲမှာ တောင်းပန် ထားတာ ဖြစ်ပါတယ်။ သောကြာနေ့တုန်းက စစ်ဆေးကြားနာမှုမှာတော့ Bo Xilai အနေနဲ့ အာဏာအလွဲသုံးစားလုပ်တယ်၊ အဂတိလိုက်စားတယ်ဆိုတဲ့ သူ့ဇနီးရဲ့ ထွက်ဆိုမှုတွေဟာ ရယ်စရာကောင်းတယ်လို့ သူက ပြောကြား ပယ်ချခဲ့ပြီး သူ့ဇနီးဟာ စိတ်ရောဂါ ခံစားနေရသူဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း Jinan မြို့မှာ စစ်ဆေးနေတဲ့ အမှုကို နိုင်ငံခြား သတင်းထောက်တွေ သတင်းယူခွင့် မရှိပါဘူး။ ဒါပေမဲ့ တရားခွင်မှာ Bo Xilai ရဲ့ စစ်ဆေး ထွက်ဆိုချက်တွေကို အစိုးရသတင်းမီဒီယာတွေက သတင်းထုတ်ပြန် သလို တရုတ်လှုမှုကွန်ယက်တွေကနေလည်း ရှည်လျားလှတဲ့ တင်ပြ ထွက်ဆိုချက်တွေကို အသေးစိတ် ပြန်လည် ရေးသား ဖော်ပြနေကြပါတယ်။
XS
SM
MD
LG