သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲချုပ်ဟောင်း လိမ်ညာတယ်လို့ ဘိုရှီလိုင်းချေပ


တရားရုံးတင်စစ်ဆေးမှုအတွင်း ဘိုရှီလိုင်းကို တွေ့ရစဉ်။ (သြဂုတ်လ ၂၂၊ ၂၀၁၃)။
တရားရုံးတင်စစ်ဆေးမှုအတွင်း ဘိုရှီလိုင်းကို တွေ့ရစဉ်။ (သြဂုတ်လ ၂၂၊ ၂၀၁၃)။
တရုတ်နိုင်ငံမှာ သြဇာရှိတဲ့ ပေါလစ်ဗျူရို (Politburo) အဖွဲ့ဝင်ဟောင်း Bo Xilai အပေါ် အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ဆေးနေတဲ့ အမှုကို ဒီကနေ့အတွက် ရွှေ့ဆိုင်းလိုက်တယ်လို့ တရုတ်တရား ရုံးတာဝန် ရှိသူတွေက ပြောပါတယ်။ သူ့ရဲ့ ရဲချုပ်ဟောင်း ထွက်ဆိုချက်တွေကို မယုံ မကြည်ဖြစ်အောင် Bo Xilai က ပြန်လည်ခြေပ ပြောကြားခဲ့ပြီးနောက်မှာ ခုလို အမှုကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဗြိတိန်လူမျိုး စီးပွားရေးသမားတယောက်ကို Bo Xilai ရဲ့ ဇနီးက ၂၀၁၁ ခုနှစ်တုန်းက လုပ်ကြံခဲ့မှုကို Bo Xilai က ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ချုံချင်းမြို့ ရဲချုပ်ဟောင်း Wang Lijun က စနေနေ့က ထွက်ဆိုခဲ့ပါတယ်။ ဒီထွက်ဆိုချက်တွေဟာ အလိမ်အညာတွေ ဖြစ်တယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ Bo Xilai က ပြန်ပြီး လျှောက်လဲခဲ့ပါတယ်။ ဒီကနေ့ စစ်ဆေးမှုကို မွန်းတည့်ချိန် မရောက်ခင်မှာပဲ ရပ်နားခဲ့ပြီး တနင်္လာနေ့ကျမှ အမှုကို ပြန်ပြီး စစ်ဆေးကြားနာမှာဖြစ်ပါတယ်။

လူသတ်မှုမှာ Bo Xilai ရဲ့ မိသားစု ပတ်သက်နေတယ်ဆိုတဲ့ သက်သေတွေနဲ့ ရဲချုပ် Wang Lijun က အမေရိကန် ကောင်စစ်ဝန်ရုံးမှာ ခိုလှုံထွက်ပြေး ခဲ့ပြီးနောက် Bo Xilai ကို ချုံချင်းမြို့ဆိုင်ရာ ပါတီဝန်ကြီးအဖြစ် ကနေရော ပေါလစ်ဗျူရို (Politburo) အဖွဲ့ဝင်အဖြစ်ကနေပါ ပြီးခဲ့နှစ်က ထုတ်ပယ်ခဲ့ပါတယ်။
XS
SM
MD
LG