တရုတ်နိုင်ငံက ဝါရင့်နိုင်ငံရေးသမား Bo Xilai ကို အာဏာအလွဲသုံးမှု၊ ငွေကြေးအလွဲသုံးစားမှုနဲ့ အဂတိလိုက်စားမှုစတဲ့ ပြစ်မှုတွေမှာ အပြစ်ရှိကြောင်းထင်ရှားတဲ့အတွက် တရုတ်နိုင်ငံ ပြည်သူ့တရားရုံးတခုက သူ့ကို ထောင်ဒဏ် တသက်တကျွန်းချမှတ်လိုက်ပါတယ်။
Jinan ပြည်သူ့တရားရုံးက တနင်္ဂနွေနေ့က ခုလိုစီရင်ချက် ဆုံးဖြတ်ချမှတ်လိုက်တာဖြစ်ပြီး ဒီအမှုဟာ ဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံမှာ အနီးကပ် စောင့်ကြည့်အခံရဆုံး နိုင်ငံရေးအရှုပ်တော်ပုံ အမှုတွေထဲက တခုဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့တရားဥပဒေမှာ ဆယ်စုနှစ်တခုကျော်ကြာ ကျင့်သုံးတဲ့အယူခံခွင့်အရ Bo Xilai အနေနဲ့ ဒီပြစ်ဒဏ်ချမှတ်မှုကို အယူခံလွှာတင်သွင်းခွင့် ရှိမှာဖြစ်ပါတယ်။
ဒါပေမဲ့ တရားရုံးဆုံးဖြတ်ချက်အရ Bo Xilai ရဲ့ တသက်တာ နိုင်ငံရေးလုပ်နိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ဒါဟာ တခါက အောင်မြင်ထင်ရှားခဲ့တဲ့ Bo Xilai ရဲ့ နိုင်ငံရေး သမားဘ၀ ကို ထိထိရောက်ရောက်အဆုံးသတ်စေ လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၃ သန်းကျော်တန်တဲ့ Bo Xilai ပိုင်ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းဖို့ ရုံးတော်က ဆုံးဖြတ်လိုက်ပါတယ်။
အသက် ၆၄ နှစ်အရွယ် ပေါလစ်ဗြူရို အဖွဲ့ဝင်ဟောင်း Bo Xilai ဟာ အရင်လက သူ့ကို အမှုစစ်ဆေးတဲ့တရားခွင်ထဲမှာ မကြုံစဖူး ပြင်းထန်တဲ့ ခုခံချေပမှုတွေလုပ်ခဲ့ပါတယ်။ သူအမှားလုပ်ခဲ့တယ်ဆိုတာ ဝန်ခံပေမဲ့ တရားရုံး စွဲဆိုချက်အတော်များများကို ငြင်းဆန် ခဲ့ပါတယ်။