သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bo Xilai အမှု တနင်္ဂနွေ ပြစ်ဒဏ်ချမည်


တရုတ်နိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးသမား Bo Xilai အပေါ် စွဲချက်တင်ထားတဲ့ အမှုအတွက် တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ တရုတ် တရားရုံးတခုက ပြောလိုက်ပါတယ်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက်ပိုင်းမှာ ဆုံးဖြတ်ချက်ချမယ့်အကြောင်း Jinan ပြည်သူ့တရားရုံးက သူတို့ရဲ့ ဘလော့ဂ် စာမျက်နှာမှာ ကြေညာထားတာပါ။

ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Bo အပေါ် လာဘ်စားမှု၊ ခိုးယူမှု၊ အာဏာ အလွဲသုံးစားမှုတွေနဲ့ ပြီးခဲ့တဲ့လက တရားစွဲဆိုထားတာပါ။ တရားစစ်ဆေးမှုအတွင်း အသက် ၆၄ နှစ်အရွယ် မစ္စတာ Bo က အမှားအယွင်းတချို့ ရှိခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပေမဲ့ စွဲချက် အများစုကို ငြင်းဆန်ခဲ့တာကြောင့် မျှော်လင့်မထားဘဲ ပြင်းထန်တဲ့ ခုခံချေပမှု ဖြစ်ခဲ့ပါတယ်။

အခုလို ဆုံးဖြတ်ချက် ချတော့မယ်ဆိုတာကြောင့် လူအများ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံရဲ့ နိုင်ငံရေး အရှုပ်တော်ပုံတစ်ခု အဆုံးသတ်ဖို့ နီးလာပြီဖြစ်ပါတယ်။
XS
SM
MD
LG