သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boao Forum မြန်မာ ဒုသမ္မတ တက်ရောက်


Boao Forum မြန်မာ ဒုသမ္မတ တက်ရောက်။ သတင်းဓာတ်ပုံ- MOI
Boao Forum မြန်မာ ဒုသမ္မတ တက်ရောက်။ သတင်းဓာတ်ပုံ- MOI

မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေအတွက် ချေးငွေနဲ့ အကြွေးယူနိုင်တဲ့ငွေပမာဏ သတ်မှတ်ချက် အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံ ကမ်းလှမ်းဖို့ စီစဉ်ထားတဲ့ အကြောင်း တရုတ်ဝန်ကြီးချုပ် Li Keqiang က ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းမှာလုပ်တဲ့ Boao ဆွေးနွေးပွဲ အတွင်း အဲဒီငါးနိုင်ငံကခေါင်းဆောင်တွေနဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီးတဲ့ နောက် တရုတ်ဝန်ကြီးချုပ်က ကြေညာတာပါ။

တရုတ်ဝန်ကြီးချုပ် မြန်မာဒုတိယသမ္မတ စိုင်းမောက်ခမ်း၊ ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ်၊ Thongsing Thammavong, ဗီယက်နမ်ဒုတိယဝန်ကြီးချုပ် Pham Binh Minh တို့နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးပါတယ်။

အရှေ့တောင်အာရှငါးနိုင်ငံအတွက် ဒီချေးငွေနဲ့ အကြွေးယူနိုင်တဲ့ငွေပမာဏ သတ်မှတ်ချက် ဒေါ်လာ ၁၁.၅ ဘီလီယံကို အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနဲ့ တခြားစီမံကိန်းတွေမှာ အသုံးပြုမယ်လို့ ဝန်ကြီးချုပ်လီ ကပြောတာကို ကိုးကားပြီး တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းဌာန က ဖော်ပြပါတယ်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာကျင်းပတဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးပွဲ အတွင်းမှာလည်း အရှေ့တောင်အာရှနိုင်ငံတွေအတွက် ချေးငွေ ဒေါ်လာ ဘီလီယံ ၂၀ ကို ဝန်ကြီးချုပ်လီက ကမ်းလှမ်းခဲ့ပါသေး တယ်။

မိတ်ဆွေဆက်ဆံရေးနဲ့ ငွေကြေးဆိုင်ရာ ကမ်းလှမ်းတာတွေ ရှိနေတဲ့ကြား မှာပဲ မြန်မာနဲ့ဗီယက်နမ်နိုင်ငံတွေနဲ့ တရုတ် အကြားဆက်ဆံရေးဟာ သိပ်ကြီး အဆင်ပြေ လှတာမဟုတ်ပါဘူး။ ဗီယက်နမ်နဲ့ တရုတ်အကြား ဆက်ဆံရေး က တောင်တရုတ် ပင်လယ် နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ ပြင်းထန်တဲ့ အငြင်းပွားမှုတွေကြောင့် အဆင်မပြေဖြစ်တာပါ။

မြန်မာနိုင်ငံနဲ့ကတော့ ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်းကို ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းထားခဲ့တဲ့ကိစ္စက အဓိကဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်နဲ့ ပတ်သက်ပြီးတော့လည်း တရုတ်နိုင်ငံမှာ စိုးရိမ်ချက်တွေ ရှိနေပါတယ်။

XS
SM
MD
LG