သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းဝင်သူ ၁၄ ဦး မလေး ကမ်းလွန်မှာ လှေမှောက်သေဆုံး


လှေစီးပြေး ရွှေ့ပြောင်းသူများ။ (မေ ၂၀၊ ၂၀၁၅)
လှေစီးပြေး ရွှေ့ပြောင်းသူများ။ (မေ ၂၀၊ ၂၀၁၅)

ဒါဇင်ပေါင်းများရှိတဲ့ အင်ဒိုနီးရှားနိုင်ငံသား တရားမဝင်ရွှေ့ပြောင်းသူတွေကို မတန်တဆ တင်ဆောင်ထားတယ်လို့ ယုံကြည်ရတဲ့ သစ်သားနဲ့ တည်ဆောက် ထားတဲ့ လှေတစီး မလေးရှားကမ်းရိုးတမ်းမှာ စက်တင်ဘာလ ၃ ရက် ကြာသာပတေးနေ့က နစ်မြုတ်သွားခဲ့ပြီး အမျိုးသမီး ၁၃ ယောက်အပါဝင် အနည်းဆုံးလူ ၁၄ ယောက် သေဆုံး သွားကြောင်း ရေကြောင်း သွားလာမှုဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလှေဟာ မလေးရှားနိုင်ငံ စီလန်ဂေါ Selangor ပြည်နယ် စဘတ်ဘာနမ် (Sabak Bernam) ကနေ ထွက်ခွာလာပြီး အင်ဒိုနီးရှားနိုင်ငံ စုမတ်တရား (Sumatra) ကို ဦးတည် သွားနေစဉ်မှာ တိမ်းမှောက် သွားတာဖြစ်တယ်လို့ Reuters သတင်းဌာန က ပြောပါတယ်။

အဲဒီလှေပေါ်က ခရီးသည် ၁၅ ယောက်ကို ငါးဖမ်းသမားတွေက ကယ်တင်နိုင်ခဲ့တယ်လို့ မလေးရှားရေကြောင်း သွားလာမှုဆိုင်ရာ ကွတ်ကဲရေး အေဂျင်စီရဲ့ ပထမတန်း ရေတပ်ဗိုလ်ချုပ်ကြီး Muhammad Aliyas Hamdan က ပြောပါတယ်။

လှေရဲ့အခြေအနေ ပုံဖေါ်မှုကို အခြေခံပြီး အေဂျင်စီရဲ့ ခန့်မှန်းချက်အရ လှေပေါ်မှာ လူပေါင်း ၇၀ လောက် တင်ဆောင် လာဖွယ်ရှိတယ်လို့ သူကပြောပါတယ်။

အသက်ရှင်ကယ်တင်နိုင်ခဲ့သူ ၁၅ ယောက်ထဲမှာ အမျိုးသမီး တယောက်နဲ့ အမျိုးသား ၁၄ ယောက်ပါဝင်ပြီး၊ တွေ့ရှိထားတဲ့ သေဆုံးသူ ရုပ်အလောင်း ၁၄ လောင်းထဲမှာတော့ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၁၃ ယောက် ပါဝင်တယ်လို့ Muhammad ကပြောပါတယ်။

အသက်ရှင်ကျန်ရစ် သူတွေနဲ့ ကနဦး စကားပြောဆိုကြည့်ချက်အရ လှေပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ အင်ဒိုနီးရှားလူမျိုးတွေ ဖြစ်တယ်လို့ ယုံကြည်ရကြောင်း Muhammad က ပြောပါတယ်။

ကျနော်တို့ ကယ်ဆယ်နိုင်ခဲ့သူတယောက်ကို အခြေခံပြီး ပြောရရင် ဒီလှေပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ အင်ဒိုနီးရှားနိုင်ငံက ဖြစ်တယ်။ ဒီလှေဟာ မလေးရှားနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံ တန်ဂျွန် ဘာလီ (Tanjung Balai) ကို ဦးတည် သွားနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

လှေဟာ အလေးချိန်မတန်တဆ တင်ဆောင်ထားပြီး ရာသီဥတု ဆိုးရွားတာကြောင့် နစ်မြုတ်သွားတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

XS
SM
MD
LG